DVB Logo
Home
မြန်မာသတင်း
စစ်တပ်လုပ်မည့် ရွေးကောက်ပွဲကို အကြမ်းမဖက်သည့်နည်းဖြင့် KNU ဆန့်ကျင်မည်
DVB
·
September 26, 2025
စစ်တပ်လုပ်မည့် ရွေးကောက်ပွဲကို အကြမ်းမဖက်သည့်နည်းဖြင့် KNU ဆန့်ကျင်မည်
Donate to DVB

လာမယ့် ဒီဇင်ဘာလမှာ စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲကို ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ မူဝါဒအရ အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ ဆန့်ကျင်သွားမယ်လို့ ပြောပါတယ်။  

စစ်တပ်ကကျင်းပမယ့် ရွေးကောက်ပွဲဟာ ဥပဒေကြောင်းအရ တရားမဝင်တာ နဲ့ ပြည်သူအားလုံးပါဝင်နိုင်တာ မရှိတဲ့အခြေအနေမှာ ရွေးကောက်ပွဲရလဒ်ကို လိုသလို အဖြေထုတ်နိုင်တဲ့ အခင်းအကျင်းမျိုးတွေကြောင့် အချက် ၇ ချက်ပါ ထုတ်ပြန်ချက်နဲ့အတူ KNU က ပြီးခဲ့တဲ့   ဩဂုတ် ၂၆ ရက်နေ့ကတည်းက ကန့်ကွက်ထားတာပါ။ 

စစ်ကော်မရှင်ကတော့ ရွေးကောက်ပွဲအပိုင်းတစ်ကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ၁၀၂  မြို့နယ်မှာ ကျင်းပမှာဖြစ်ပြီး ကရင်ပြည်နယ်ထဲမှာကတော့ သံတောင်ကြီး၊ ဘားအံနဲ့ မြဝတီမြို့တို့ ပါဝင်ပါတယ်။ 

ကရင်နယ်ခြားစောင့်တပ် (BGF) အဖွဲ့နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ကတော့ ကရင်ပြည်နယ်မှာ စစ်ကော်မရှင်လုပ်မယ့် ရွေးကောက်ပွဲကို ကူညီမယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။ 

ကရင်အမျိုးသားအစည်းအရုံး (KNU) ကတော့ လာမယ့်ရွေးကောက်ပွဲအခင်းကျင်းမှာ ပြည်သူနဲ့အတူ ဆန့်ကျင်သွားမှာဖြစ်ပြီး စစ်ကော်မရှင်ကို ကူညီတဲ့သူတွေဟာ နိုင်ငံရေးအရ ဆန့်ကျင်ပြီးလုပ်သွားတဲ့အတွက် KNU မူဝါဒအတိုင်း ဆက်သွားမယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။

“ဒီရွေးကောက်ပွဲက အတုအယောင်ဖြစ်တယ်၊ တရားလည်းမဝင်ဘူးအပေါ်မှာ ကျနော်တို့ ဆန့်ကျင်တိုက်ဖျက်သွားမယ့်အခါမှာ ဘယ်နည်းလမ်းနဲ့သုံးမယ်ဆိုတာ ကျနော်တို့ ထုတ်ပြန်ချက်ထဲမှာလည်း ပါပြီးသား၊ အကြမ်းမဖက်တဲ့နည်းနဲ့ပဲ သွားမယ်ဆိုတာ ပြောတဲ့အခါမှာတော့ ဘာမှဒီထပ်ပိုပြီးတော့ပြောစရာမရှိတော့ဘူး။”

အခုလို KNU ရဲ့ မူဝါဒနဲ့ ပြောဆိုမှုတွေဟာ ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး ပျက်လိုပျက်စီးလုပ်တယ်ဆိုပြီး စစ်တပ်က KNU ဥက္ကဋ္ဌအပါအဝင် ၁၃ ယောက်ကို လှိုင်းဘွဲ့မြို့မရဲစခန်းမှာ ရွေးကောက်ပွဲဆိုင်ရာဥပဒေနဲ့ အမှုဖွင့်ထားပါသေးတယ်။ 

အပိုင်း ၁ ရွေးကောက်ပွဲလုပ်မယ့် မြဝတီမြို့မှာလည်း အခုထဲက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ မဲပေးဖို့ လူဦးရေ စာရင်းလိုက်လံကောက်ခံနေတာတွေ လုပ်ဆောင်နေပြီး တအိမ်ကို တယောက် မဲပေးရမယ်လို့ တိုက်တွန်းနှိုးဆော်တာတွေလုပ်နေတယ်လို့ မြဝတီမြို့ခံတယောက်က DVB ကို ပြောပါတယ်။ 

“အဲ့တော့ တာဝန်နဲ့ဝတရားအရ တအိမ်တယောက် ခေါ်မယ်ဆိုရင်လည်း အမတို့အနေနဲ့သွားရမှာပဲ။ မသွားလို့လည်း မဖြစ်တဲ့အနေအထားဆိုတော့ မလုပ်ရင်မဖြစ်ဘူး အမတို့နေနေတဲ့အပေါ်မှာ လုပ်ပေးရမယ်။ ဒါပေမယ့် စိတ်ဆန္ဒရှိလို့တော့မဟုတ်ဘူး။ သူတို့ရဲ့မဲ သူတို့ရဲ့ပြောပုံအရဆိုရင် ရပ်ကွက်ရုံးတွေမှာလိုက်ပြီးတော့ အစည်းအဝေးခေါ်ပြီးတော့ပြောပုံအရတော့ ဘယ်သူထည့်ထည့် မထည့်ထည့် သူတို့မဲကတော့ သူတို့နိုင်အောင်လုပ်ထားပြီးသား အဲ့ဒီလိုပုံစံ အမတို့ကသိထားတာ။” 

တဖက်မှာလည်း ကရင်ပြည်နယ်ထဲမှာ အာဏာသိမ်းစစ်တပ် ပူးပေါင်းအဖွဲ့နဲ့ KNU၊ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဖြစ်နေပါတယ်။ ကျုံးဒိုး၊ ကော့ကရိတ်လမ်းပိုင်းမှာ စစ်တပ် စစ်ကြောင်းကြောင့် တိုက်ပွဲတွေပြင်းထန်နေသလို မြဝတီမြို့ ပတ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ 

စက်တင်ဘာ ၂၀ ရက်ကတည်းက စစ်ကောင်စီတပ်ဟာ မြဝတီမြို့အနီးမှာရှိတဲ့ လေးကေ့ကော်မြို့သစ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး လေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ မြေပြင်စစ်ကြောင်းထိုးတာတွေပါ လုပ်နေတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ နေ့စဥ်တိုက်ပွဲတွေ ဖြစ်နေတာပါ။ 

မောရစ် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013