DVB Logo
Home
နိုင်ငံတကာ
စစ်ပွဲများ အဆုံးသတ်နိုင်သည့် သူ့ကို နိုဘယ်လ်ဆုပေးသင့်ဟု ထရမ့်ပ် ပြော
DVB
·
September 24, 2025
စစ်ပွဲများ အဆုံးသတ်နိုင်သည့် သူ့ကို နိုဘယ်လ်ဆုပေးသင့်ဟု ထရမ့်ပ် ပြော
Donate to DVB

အနှစ် ၈၀ ပြည့် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် က ဂါဇာစစ်ပွဲကို ချက်ချင်းရပ်တန့်ရမယ်ဆိုပြီး မိန့်ခွန်းပြောကြားပါတယ်။

မကြာသေးခင်အချိန်က ပါလက်စတိုင်းနိုင်ငံအဖြစ် မဟာမိတ်တွေရဲ့ အသိအမှတ်ပြုမှုကို ဟားမတ်စ်အတွက် “ဆုလာဘ်ကြီးတခု”  ဖြစ်တယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။

အဲဒီနောက် ဟားမတ်စ် ဖမ်းဆီးထားပြီး အသက်ရှင်ကျန်နေတယ်လို့ ယုံကြည်ယူဆထားတဲ့ ဓားစာခံ ၄၈ ယောက်ထဲက အယောက် ၂၀ ကို ရည်ညွှန်းကာ “ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းရပါမယ်။ ဓားစာခံအားလုံး ပြန်ရတဲ့အထိ အလိုရှိပါတယ်” လို့ ထရမ့်ပ်က ပြောသွားပါတယ်။

ဒါ့အပြင် ထရမ့်ပ်က သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ မှတ်တမ်းတွေအကြောင်း ပြောဆိုခဲ့ရာမှာ “မတူညီတဲ့ စစ်ပွဲ ၇ ခုကို” အဆုံးသတ်နိုင်ခဲ့တယ်လို့ ဆိုပြန်ပါတယ်။

“အဲဒီအောင်မြင်မှုတွေကြောင့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ချီးမြှင့်သင့်တဲ့အကြောင်း လူတိုင်း ပြောကြပါတယ်။ ဆုတွေထက် လူ့အသက်တွေ ကယ်တင်နိုင်ဖို့သာ အလေးထားပါတယ်” ဆိုပြီး ထရမ့်ပ်က မှတ်ချက်ပြုပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်း ကတော့ ထရမ့်ပ်အနေနဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု လိုချင်တယ်ဆိုရင် ဂါဇာစစ်ပွဲကို အဆုံးသတ်ပေးဖို့ လိုအပ်ကြောင်းနဲ့ အစ္စရေးအပေါ် သူတယောက်တည်းသာ ဖိအားပေးနိုင်တာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

UNGA ညီလာခံ အပြင်ဘက်မှာလည်း အမေရိကန်သမ္မတနဲ့အတူ အီဂျစ်၊ အင်ဒိုနီးရှား၊ ဂျော်ဒန်၊ ပါကစ္စတန်၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ တူရကီနဲ့ ယူအေအီး စတဲ့ မွတ်စလင် နိုင်ငံခေါင်းဆောင်တွေက ဂါဇာစစ်ပွဲအကြောင်းကို သီးခြားဆွေးနွေးခဲ့ကြပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ အကျပ်အတည်းမှာတော့ ထရမ့်ပ်က “ဖွင့်ထားတဲ့ နယ်စပ်တွေရဲ့ မအောင်မြင်တဲ့ စမ်းသပ်မှုကို ပိတ်သိမ်းဖို့ အချိန်တန်ပါပြီ။ ခင်ဗျားတို့နိုင်ငံတွေ ငရဲရောက်တော့မယ်” ဆိုပြီး ဝေဖန်သွားပါတယ်။

နောက်ဆုံးမှာတော့ အမေရိကန်သမ္မတက ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နဲ့ ရွှေ့ပြောင်းနေထိုင်မှုကို “လွတ်လပ်သောကမ္ဘာ” အတွက် အကြီးမားဆုံးခြိမ်းခြောက်မှု ဖြစ်တယ်လို့ ညွှန်းဆိုခဲ့ပါတယ်။

ကမ္ဘာ့ခေါင်းဆောင်တွေ သတိပေးနေကြတဲ့ ရာသီဥတုပြောင်းလဲမှုကိုလည်း “အကြီးကျယ်ဆုံးလှည့်စားမှု” ဖြစ်ကြောင်း ထရမ့်ပ်က ရှုတ်ချခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013