DVB Logo
Home
နိုင်ငံတကာ
နိုဘယ်လ်ဆုရှင် မဟုတ်သဖြင့် ငြိမ်းချမ်းရေး တွေးစရာမလိုဟု ထရမ့်ပ် ပြော 
DVB
·
January 20, 2026
နိုဘယ်လ်ဆုရှင် မဟုတ်သဖြင့် ငြိမ်းချမ်းရေး တွေးစရာမလိုဟု ထရမ့်ပ် ပြော 
Donate to DVB

နိုဘယ်လ်ဆု မရခဲ့တာကြောင့် “ငြိမ်းချမ်းရေးသီးသန့်” တွေးနေစရာ မလိုတော့ဘူးလို့ ဂရင်းလန်းကျွန်းကို သိမ်းပိုက်လိုတဲ့ သဘောထားနဲ့ ချိတ်ဆက်ပြီးတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မှတ်ချက်ပေးလိုက်ပါတယ်။

နော်ဝေဝန်ကြီးချုပ်  ယိုးနပ်စ်ဂါးစတိုယယ်နဲ့ ဖင်လန်သမ္မတ အလက်ဇန္ဒြားစတာ့ဘ်တို့က တင်းမားမှုလျှော့ချရေး လက်တွဲလုပ်ဆောင်ဖို့ မက်ဆေ့ချ်ပို့ခဲ့ရာမှာ ထရမ့်ပ်က အခုလို တုံ့ပြန်ခဲ့တာပါ။

ထရမ့်ပ်က “စစ်ပွဲ ၈ ပွဲထက်မနည်းကို ရပ်တန့်ပေးခဲ့တဲ့ ငါ့ကို မင်းတို့တိုင်းပြည်က နိုဘယ်လ်ဆု မပေးဖို့ ဆုံးဖြတ်ခဲ့တဲ့အခါကျတော့၊ ငြိမ်းချမ်းရေးသီးသန့်တွေးဖို့ ငါ့မှာလည်း တာဝန်ဝတ္တရား မရှိတော့ဘူးလို့ ခံစားမိတယ်၊ ငြိမ်းချမ်းရေးက အမြဲတမ်း အဓိကကျနေဦးမှာ ဖြစ်ပေမဲ့ အခုကျတော့ အမေရိကန်ပြည်ထောင်စုအတွက် ဘယ်အရာက ကောင်းမွန်၊ သင့်လျော်သလဲဆိုတာ ပိုတွေးနိုင်လာပြီ” လို့ အကြောင်းပြန်ခဲ့ပါတယ်။ 

NBC News နဲ့ အင်တာဗျူးမှာ ဂရင်းလန်းကျွန်းကို အင်အားသုံးသိမ်းမှာလားဆိုတဲ့ မေးခွန်းကိုတော့ ထရမ့်ပ်က “မှတ်ချက်မပေးချင်ဘူး”လို့သာ ဖြေကြားခဲ့ပါတယ်။

ကျွန်းကို ဝယ်ယူခွင့်မရမချင်း ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီအပါအဝင် နေတိုး (NATO) အဖွဲ့ဝင် ဥရောပနိုင်ငံကြီးတွေကို ဖေဖော်ဝါရီ ၁ ရက်ကစပြီး အခွန်စည်းကြပ်မယ်လို့ ထရမ့်ပ်က ကြေညာထားပါတယ်။

ဂျာမန်ဝန်ကြီးချုပ် ဖရိုင်းဒရစ်မာ့ဇ်က ကုန်သွယ်ရေးစစ်ပွဲ မလိုလားပေမဲ့ မတရားတဲ့ အခွန်နှုန်းထားတွေ သတ်မှတ်လာရင် တုံ့ပြန်နိုင်စွမ်းရှိတယ်လို့ သတိပေးပြောပါတယ်။ 

ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်တွေဟာ ဇန်နဝါရီ ၂၂ ရက်နေ့ အရေးပေါ်ထိပ်သီးအစည်းအဝေး ကျင်းပပြီး အမေရိကန်သွင်းကုန် ဒေါ်လာ ၁၀၈ ဘီလီယံကို အခွန်ပြန်ကောက်မဲ့ အစီအစဉ်အပါအဝင် တန်ပြန်ရေးနည်းလမ်းတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013