
ဘရိုက်တန်ကြယ်ပွင့် ဒီယေဂို ဂိုမက်ဇ်ဟာ ဘန်စလေကို ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ လိဂ်ဖလားပွဲစဉ်မှာ တယောက်တည်း ၄ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
မနှစ်ကမှ အင်တာမိုင်ယာမီကနေ ပြောင်းရွှေ့လာတဲ့ ပါရာဂွေးတောင်ပံကစားသမားဟာ ပရီးမီးယားလိဂ်မှာ ပွဲကစားချိန် နည်းခဲ့ပေမဲ့ လိဂ်ဖလားမှာတော့ ညာတောင်ပံ တိုက်စစ်နေရာမှာ ပွဲထွက်ကစားပြီး အကောင်းဆုံးစွမ်းဆောင်ရည် ထုတ်ပြနိုင်ခဲ့တာပါ။
ဂိုမက်ဇ်ဟာ ပွဲချိန် ၃၃ မိနစ်မှာပဲ ဦးဆောင်ဂိုး ၃ ဂိုး သွင်းခဲ့ပြီး ပွဲချိန် ၆၈ မိနစ်မှာ တဂိုးထပ်သွင်းခဲ့တာပါ။ နည်းပြ ဟာဇယ်လာဟာ ပွဲချိန် ၇၅ မိနစ်မှာပဲ ဂိုမက်ဇ်ကို လူစားလဲခဲ့ပါတယ်။
ဘန်စလေနဲ့ပွဲစဉ်မှာ ပွဲထွက်ခဲ့တဲ့ အင်္ဂလန်တောင်ပံကစားသမားသစ် တွန်ဝက်စ်တန်ကလည်း တဦးတည်း ၄ ကြိမ်အထိ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။










