DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံးပြိုင်မည့်ပါတီများ မဲဆန္ဒနယ်အားလုံး၏ ၄ ပုံ ၁ ပုံ မပြိုင်နိုင်ပါက ပါတီဖျက်သိမ်းခံရမည်ဟု ပြင်ဆင်ပြဋ္ဌာန်း 
DVB
·
September 22, 2025
တနိုင်ငံလုံးပြိုင်မည့်ပါတီများ မဲဆန္ဒနယ်အားလုံး၏ ၄ ပုံ ၁ ပုံ မပြိုင်နိုင်ပါက ပါတီဖျက်သိမ်းခံရမည်ဟု ပြင်ဆင်ပြဋ္ဌာန်း 
Donate to DVB

ရွေးကောက်ပွဲမှာ နိုင်ငံတဝန်း ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေ လိုက်နာရမယ့် ပုဒ်မတခုကို ပြင်ဆင်ထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်တဲ့ဥပဒေကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (စစ်ကောင်စီ)က  စက်တင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေရဲ့ မူလဥပဒေပြဋ္ဌာန်းချက်ဖြစ်တဲ့ အခန်း (၃) ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိခြင်း အခန်းပါ ပုဒ်မ ၁၂ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၁)မှာ ပြည်ထောင်စု တဝန်းလုံးမှာ စည်းရုံးမယ့်ပါတီ ဖြစ်ပါက အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်မဲဆန္ဒနယ် အပါအဝင်) မဲဆန္ဒနယ်အားလုံးရဲ့ ထက်ဝက်မှာ မိမိပါတီက ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ရင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိစေရလို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

အခုပြင်လိုက်တာမှာ မူလ မဲဆန္ဒနယ်အားလုံးရဲ့ ထက်ဝက်အစား မဲဆန္ဒနယ်အားလုံးရဲ့ ၄ ပုံ ၁ ပုံလို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

ဒီဥပဒေ မပြင်ဆင်ခင်ကတော့  မဲဆန္ဒနယ်အားလုံးရဲ့ ထက်ဝက်မှာ မိမိပါတီက ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ရင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိစေရလို့ ပြဋ္ဌာန်းထားတာကြောင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ပါတီ ပယ်ဖျက်ခံခဲ့ရပါတယ်။ 

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၁)မှာ ပြည်ထောင်စု တဝန်းလုံးမှာ စည်းရုံးမယ့်ပါတီ ဖြစ်ပါက အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အပါအဝင်) မဲဆန္ဒနယ်အားလုံးရဲ့  ၄ ပုံ ၁ ပုံမှာ မိမိပါတီက ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ခြင်းလို့ ပြင်ဆင် ပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၉ ပါတီနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တခုကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၅၂ ပါတီ၊ စုစုပေါင်း ၆၁ ပါတီ ရှိတဲ့အထဲက တနိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၃ ပါတီနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၁ ပါတီကို ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းခဲ့ပါတယ်။ 

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013