DVB Logo
Home
မြန်မာသတင်း
သမီးအရင်းအား မုဒိမ်းကျင့်သည့် ဖခင်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၄၀ ချ
DVB
·
September 19, 2025
သမီးအရင်းအား မုဒိမ်းကျင့်သည့် ဖခင်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၄၀ ချ
Donate to DVB

အသက် ၁၂ နှစ်အရွယ် သမီးကို မုဒိမ်းကျင့်ခဲ့တဲ့ ဖခင်ဖြစ်သူကို တောင်ငူခရိုင်တရားရုံးက စက်တင်ဘာ ၁၈ ရက်မှာ ထောင်ဒဏ်အနှစ် ၄၀ ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

တောင်ငူခရိုင်တရားရုံးက ပြစ်မှုကျူးလွန်သူ ဦးကျော်သက်ကို ပုဒ်မ ၃၇၆(၁) အရ အလုပ်နဲ့ ထောင်ဒဏ် အနှစ် ၄၀ ချလိုက်တာလို့ တရားရုံးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“သမီးအရင်းကို နေရာ ၂ ခုမှာ ၈ ကြိမ်တောင် မုဒိမ်းကျင့်လို့ ၃၇၆(၁) ပုဒ်မ ၂ ခုနဲ့ ထောင်နှစ် ၂၀ ကို နှစ်ကြိမ်ချတာ၊ စုစုပေါင်း ထောင်ဒဏ်အနှစ် ၄၀ ချလိုက်တာ။ မုဒိမ်းမှုဆိုရင် အဲလို ထောင်ဒဏ်ချမှ နောက်လူတွေ မလုပ်ရဲမှာ။”

တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇီးဖြူသောင်ကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက် ညက သမီးဖြစ်သူကို အိပ်ရာထဲမတွေ့လို့ မိခင်ဖြစ်သူက ရှာဖွေရာ ဖခင်ဖြစ်သူက မုဒိမ်းကျင့်နေတာ မိခင်ဖြစ်သူကိုယ်တိုင် ထန်းတပင်မြို့နယ် ရဲစခန်းမှာ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်ကလည်း ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ရွှေပင်ရပ်ကွက်မှာ အသက် ၁၅ နှစ်အရွယ် သမီးဖြစ်သူကို မုဒိမ်းကျင့်ခဲ့တဲ့ ဖခင်ကို ရဲတွေက ဖမ်းဆီးပြီး ပုဒ်မ ၃၇၆(၁) နဲ့ အမှုဖွင့်ထားတဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။

ပြီးခဲ့တဲ့လတွေက ပဲခူးခရိုင်တရားရုံးနဲ့ ပြည်ခရိုင်တရားရုံးက မုဒိမ်းမှုကျူးလွန်သူတွေကို သေဒဏ်နဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ကနေ ၂၀၂၅ ခုနှစ်အတွင်း ပဲခူးတိုင်းမှာ သက်ငယ်မုဒိမ်းမှု ၃၆ မှုနဲ့ မုဒိမ်းမှု ၄၂ မှု ဖြစ်ခဲ့ပြီး အမှုပေါင်း ၇၈ မှုထဲက ၅ ယောက်ကို သေဒဏ်ပေးကာ ၇ ယောက်ကို ထောင်ဒဏ်တသက်တကျွန်း ချခဲ့ပြီး ကျန်အမှုတွေကို စစ်ဆေးနေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013