
စပိန်အသင်းနဲ့ ဘာစီလိုနာလူငယ်ကြယ်ပွင့် ယာမဲလ်ရဲ့ ဖခင်ဖြစ်သူဟာ စပိန်အရှေ့မြောက်ပိုင်းရှိ ကားပါကင်တခုမှာ ဓားထိုးခံခဲ့ရတယ်လို့ စပိန်သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး ဒေသခံ အစိုးရအဖွဲ့နဲ့ ရဲတပ်ဖွဲ့က မှတ်ချက်ပေးတာမျိုးတော့ မရှိသေးပါဘူး။
ကားပါကင်-ဓားထိုးမှု ဖြစ်စဉ်မှာ ဒေသခံရဲတပ်ဖွဲ့က မျက်မြင်သက်သေ အမြောက်အမြားကို ရရှိထားတယ်လို့ ဆိုပါတယ်။
လောလောဆယ် ယာမဲလ်ရဲ့ ဖခင်ဟာ ဓားထိုးခံရတဲ့ဒဏ်ရာကြောင့် ဘာစီလိုနာမြို့အနီးရှိ ကန်ရူတီဆေးရုံမှာ ဆေးကုသမှုခံယူ နေရပါတယ်။
ရီလီဗို အားကစားဝက်ဘ်ဆိုက်မှာတော့ ယာမဲလ်ရဲ့အဖေဟာ ဆေးရုံကပြန်ဆင်းလာပြီး အိမ်ကို ပြန်ရောက်နေပြီလို့ ဆိုပါတယ်။
အသက် ၁၇ နှစ်သာရှိပြီး မာတာရိုဒေသမှာ ကြီးပြင်းခဲ့တဲ့ ယာမဲလ်ဟာ စပိန်လက်ရွေးစင်အသင်း ယူရိုဖလားရအောင် အဓိကကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
Photo-Reuters