
တောင်ပံကစားသမား ရာဟင်းစတာလင်နဲ့ နောက်ခံလူ ဒီဆာဆီတို့ကို လူစာရင်းကနေ ဖယ်ရှားပြီး သီးသန့်ခွဲခြားလေ့ကျင့်စေတဲ့အပေါ် ချဲလ်ဆီးအသင်း စစ်ဆေးခံနေရပါတယ်။
ဖရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲအစည်း (PFA) ဟာ ကစားသမား ၂ ယောက်အပေါ် ချဲလ်ဆီးအသင်းရဲ့ ပြုမူဆက်ဆံပုံနဲ့ လေ့ကျင့်ရေးကွင်းအသုံးပြုပုံတွေကို စောင့်ကြည့်စစ်ဆေးနေပြီး သင့်တော်တဲ့ အခြေအနေဖန်တီးပေးဖို့ ချဲလ်ဆီးအသင်းနဲ့ ဆွေးနွေးညှိနှိုင်းပေးခဲ့တယ်လို့ သိရပါတယ်။
စတာလင်ဟာ မနှစ်က အာဆင်နယ်ဆီအငှားထွက်ကစားခဲ့ပေမဲ့ ခြေစွမ်းမပြနိုင်ခဲ့ဘဲ အသင်းဆီပြန်ရောက်လာချိန်မှာ နည်းပြမာရက်စ်ကာက လူစာရင်းကနေ ဖယ်ရှားခဲ့တာပါ။
အပြောင်းအရွှေ့ကာလအတွင်း နာပိုလီ၊ ဘိုင်ယန် နဲ့ ဖူဟမ်လိုအသင်းတွေက စတာလင်အပေါ် စိတ်ဝင်စားခဲ့ပေမဲ့ အဆင်မပြေခဲ့သူပါ။
အလားတူ နောက်ခံလူ ဒီဆာဆီဟာလည်း အသင်းဟောင်းမိုနာကို အပါအဝင် ဘုန်းမောက်၊ ဝက်စ်ဟမ်း အသင်းတွေနဲ့ သတင်းထွက်ခဲ့ပေမဲ့ အသင်းမှာဆက်ရှိခဲ့သူဖြစ်ပါတယ်။
Photo: Reuters










