DVB Logo
Home
အားကစား
နည်းပြမော်ရင်ညိုကို ပေါ်တူဂီကလပ် ဘင်ဖီကာအသင်း ခေါ်ယူခန့်အပ်
DVB
·
September 18, 2025
နည်းပြမော်ရင်ညိုကို ပေါ်တူဂီကလပ် ဘင်ဖီကာအသင်း ခေါ်ယူခန့်အပ်
Donate to DVB

ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းဟာ နည်းပြမော်ရင်ညိုကို ခေါ်ယူခန့်အပ်လိုက်ပါတယ်။ အသက် ၆၂ နှစ်ရှိ ပေါ်တူဂီနည်းပြဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကမှ တူရကီကလပ် ဖီနာဘာချီအသင်းကနေ ထုတ်ပယ်ခံခဲ့ရသူပါ။

မော်ရင်ညိုဟာ စက်တင်ဘာ ၁၇ ရက်က လစ္စဘွန်းမြို့ဆီရောက်လာခဲ့ပြီး ဘင်ဖီကာအသင်းနဲ့ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ လုပ်ဆောင်ခဲ့တာပါ။

မော်ရင်ညိုဟာ နည်းပြဘဝအစကို ၂၀၀၀ ပြည့်နှစ်က ဘင်ဖီကာနဲ့ စတင်ခဲ့တာဖြစ်ပေမဲ့ အသင်းဥက္ကဋ္ဌနဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ရာထူးကနေ နုတ်ထွက်ပြီး ပေါ်တိုအသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။

ပေါ်တိုအသင်းကို ချန်ပီယံလိဂ်ဆုဖလား အပါအဝင် ဆုဖလား ၆ လုံးရယူပေးခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

အဲဒီနောက် အင်တာမီလန်၊ ရီးရဲလ်မက်ဒရစ်၊ မန်ယူ၊ စပါး၊ ရိုးမား နဲ့ ဖီနာဘာချီအသင်းတွေကို တာဝန်ယူခဲ့ပြီး ၂၁ နှစ်အကြာမှာ အသင်းဟောင်းဆီ ပြန်လည်ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ 

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013