ဘင်ဖီကာအသင်းဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းတော့မဲ့ နည်းပြ ဟိုဆေးမော်ရင်ဟို နေရာမှာ ဖူဟမ်နည်းပြဟောင်း မာကိုဆေးလ်ဗားနဲ့ အစားထိုးဖို့ သဘောတူညီမှု ရခဲ့ပါပြီ။
အသက် ၄၈ နှစ်အရွယ် မာကိုဆေးလ်ဗားဟာ ပြီးခဲ့တဲ့အပတ်ကမှ ဖူဟမ်နဲ့ လမ်းခွဲခဲ့တာပါ။ သူဟာ ဘင်ဖီကာနဲ့ ၂၀၂၈ အထိ စာချုပ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။
နည်းပြ မော်ရင်ဟိုကို ခေါ်ယူမဲ့ ရီးရဲလ်မက်ဒရစ်ဆီကနေ ဘင်ဖီကာဟာ လျော်ကြေးငွေ ပေါင် ၁၃ သန်း ရရှိမှာ ဖြစ်ပါတယ်။
မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ရာသီက ဘင်ဖီကာကို ရှုံးပွဲမရှိဘဲ အဆင့် ၃ ရအောင် ပို့ဆောင်ပေးခဲ့ပြီးနောက် အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ဆီ ပြန်လည်ထွက်ခွာသွားတာ ဖြစ်ပါတယ်။










