
ဘင်ဖီကာဟာ ပေါ်တူဂီလိဂ်မှာ တရာသီလုံး ရှုံးပွဲမရှိသေးပေမဲ့ ပြိုင်ဘက် ပေါ်တိုကို ချန်ပီယံဆု ပေးလိုက်ရပါတယ်။
မော်ရင်ဟိုရဲ့ ဘင်ဖီကာဟာ သရေပွဲ ၁၀ ပွဲအထိ ရှိခဲ့တာကြောင့် ပေါ်တိုနဲ့ ၉ မှတ်အကွာ ဒုတိယနေရာမှာသာ ရှိနေတာပါ။
ဘင်ဖီကာဟာ ကျန်တဲ့ ၂ ပွဲမှာ မရှုံးရင် ရှုံးပွဲမရှိစံချိန် ရမှာဖြစ်ပေမဲ့ ချန်ပီယံဆုနဲ့တော့ လွဲချော်တဲ့ ရှားပါးမှတ်တမ်းကို ပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။
ဘင်ဖီကာဥက္ကဋ္ဌ ရူကော်စတာကတော့ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်အမှားတွေကြောင့် ချန်ပီယံမျှော်လင့်ချက် ပျက်ခဲ့ရတာလို ဝေဖန်ခဲ့ပါတယ်။
နည်းပြ မော်ရင်ဟိုကလည်း ဒီရာသီမှာ ဒိုင်တွေရဲ့အမှားတွေဟာ အသင်းအပေါ် သက်ရောက်မှုရှိကြောင်း ပြောခဲ့ပါတယ်။
မော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေပေမဲ့ ဘင်ဖီကာဘက်ကလည်း သူ့ကို စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေပါတယ်။










