DVB Logo
Home
အားကစား
ရလဒ်ဆိုးရွားခဲ့သည့် မန်ယူနိုက်တက်အသင်း  စံချိန်တင် ဝင်ငွေရရှိ
DVB
·
September 18, 2025
ရလဒ်ဆိုးရွားခဲ့သည့် မန်ယူနိုက်တက်အသင်း  စံချိန်တင် ဝင်ငွေရရှိ
Donate to DVB

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ရလဒ်ဆိုးရွားခဲ့ပေမဲ့ ဘဏ္ဍာရေးတနှစ်အတွင်းမှာ စံချိန်တင်ဝင်ငွေရရှိ ခဲ့ကြောင်း မန်ယူအသင်းက ထုတ်ပြန်သွားပါတယ်။ 

မနှစ်ကရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၁၅ သာ ရရှိခဲ့ပေမဲ့ စပွန်ဆာစာချုပ်တွေနဲ့ ရုပ်သံထုတ်လွှင့်ခွင့်ကနေရရှိတဲ့ ဝင်ငွေတွေအပါအဝင် ဘဏ္ဍာရေးတနှစ်တာကာလအတွင်းမှာ စုစုပေါင်း ပေါင် ၆၆၆ ဒသမ ၅သန်း ဝင်ငွေရရှိခဲ့တာပါ။ 

မန်ယူအသင်းဟာ ရင်ဘတ်စပွန်ဆာ Snapdragon နဲ့ ၅ နှစ်စာချုပ်အရ ပေါင်သန်း ၃၀၀ ကျော်ဝင်ငွေ ရရှိခဲ့သလို ပွဲနေ့အတွင်းရုပ်သံထုတ်လွှင့်မှုကနေလည်း  ပေါင်သန်း ၁၆၀ အထိဝင်ငွေရရှိခဲ့တာပါ။

စိန်ခေါ်မှုတွေများတဲ့ နှစ်ကာလအတွင်းမှာ စံချိန်တင်ဝင်ငွေရရှိခဲ့တာက မန်ချက်စတာယူနိုက်တက်ရဲ့ အမှတ်အသားတခုဖြစ်တဲ့ ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်ကို ပြသခဲ့တာ ဖြစ်ကြောင်း အမှုဆောင်အရာရှိချုပ် အိုမာဘာရာဒါက ပြောပါတယ်။

အခုနှစ်ရာသီမှာလည်း ဝင်ငွေတိုးတက်ဖို့အပြင် ကွင်းတွင်းစွမ်းဆောင်ရည်နဲ့ တခြားကိစ္စတွေမှာလည်း တိုးတက်မှုတွေရှိလာဖို့ အစွမ်းကုန်ကြိုးပမ်းနေကြောင်း မန်ယူအမူဆောင် အရာရှိချုပ်က ပြောသွားပါတယ်။ 

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013