DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းမှ စစ်မှုထမ်းတပ်သားသစ် ၁၀၀ ကျော် မန္တလေးတိုင်းဘက်ပို့ခံရ
DVB
·
September 17, 2025
ဧရာဝတီတိုင်းမှ စစ်မှုထမ်းတပ်သားသစ် ၁၀၀ ကျော် မန္တလေးတိုင်းဘက်ပို့ခံရ
Donate to DVB

ဧရာဝတီတိုင်းကနေ အဓမ္မစုဆောင်းခံရတဲ့ စစ်မှုထမ်းအပတ်စဉ် ၁၅ သင်တန်းဆင်း တပ်သားသစ် ၁၀၀ ကျော်ကို မန္တလေးဘက်ကို ပို့နေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ အဓမ္မစုဆောင်းခဲ့ပြီး စစ်မှုထမ်းအပတ်စဉ် ၁၅ မှာ စစ်သင်တန်းတက်ခဲ့ရတဲ့ လူငယ် ၁၀၀ ကျော်ကို စက်တင်ဘာ ၁၅ ရက် ညနေပိုင်းကစတင်ပြီး မန္တလေးဘက်ကို ပို့နေတာလို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “မန္တလေးဘက်ကနေ ကချင်ဘက်မှာ စစ်ဆင်ရေးတွေ တိုးမြှင့်လုပ်ဖို့ဆိုပြီး သင်တန်းဆင်းတပ်သားသစ်တွေကို ပို့နေတာ။ အခုပို့တဲ့ ၁၀၀ ကျော်က မန္တလေးဘက်မှာထားမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။

အဲဒီ မန္တလေးတိုင်းဘက်ကို အပို့ခံရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေဟာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ်က အဓမ္မဖမ်းဆီးခေါ်ယူခဲ့ပြီး စစ်မှုထမ်းအပတ်စဉ် ၁၅ အဖြစ် ပုသိမ် ရွှေမြင်တင် စစ်လေ့ကျင့်ရေးတပ်မှာ သင်တန်းတက်ခဲ့ရသူတွေ အများဆုံးပါဝင်တယ်လို့ သိရပါတယ်။

ဘိုကလေးမြို့နယ်က စစ်မှုထမ်းမိသားစုဝင်တယောက်က “စစ်မှုထမ်းသင်တန်း တက်နေရတုန်းက နည်းနည်းစိတ်အေးတာပေါ့နော်။ သင်တန်းဆင်းတော့ ပို့တော့မယ်ဆိုတာ သိတယ်လေ။ အခု ရှေ့တန်းပို့နေတော့ ရင်ထဲမှာ ဘယ်လိုမှ ခံစားလို့ကိုမရ ဖြစ်နေတာ။ သေဆုံးနေတဲ့အသံတွေက ကြားနေရတော့ တရက်မှ စိတ်ထဲ နေလို့မကောင်းပါဘူး” လို့ ပြောပါတယ်။

အဲဒီ မန္တလေးတိုင်းဘက်ကို အပို့ခံရတဲ့ စစ်မှုထမ်းလူငယ် အယောက် ၁၀၀ ကျော်ကို အနောက်တောင်တိုင်း စစ်ဌာနချုပ် ပုသိမ်တပ်က အရာရှိတွေက အစောင့်လိုက်ပါပြီး စစ်သုံးဖောကားတွေနဲ့ ညနေဘက်မှာ စတင်ထွက်ခွာ ပို့နေတာလို့ သိရပါတယ်။

စစ်မှုထမ်းအပတ်စဉ် ၁၅ သင်တန်းဆင်းပြီး မန္တလေးတိုင်းဘက် အပို့ခံရတဲ့ စစ်မှုထမ်းတွေဟာ လေးမျက်နှာ၊ ရေကြည်၊ ဓနုဖြူ၊ ပန်းတနော်၊ ကျိုက်လတ်၊ သာပေါင်း၊ မြောင်းမြ၊ ဖျာပုံ၊ ဟင်္သာတ၊ အင်္ဂပူ၊ ကျောင်းကုန်း၊ ဝါးခယ်မ၊ ငပုတော၊ လပွတ္တာ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ မအူပင်၊ ကျုံပျော် စတဲ့မြို့နယ်တွေက အရပ်သားတွေ၊ လူငယ်တွေ အများဆုံးပါဝင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013