
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၆ ရက်မှာ အသစ်မွမ်းမံထားတဲ့ မြို့ပြကာကွယ်ရေးလက်စွဲစာအုပ်ကို ထုတ်ပြန်လိုက်ပါတယ်။
ဒီစာအုပ်ရဲ့ ရည်ရွယ်ချက်က ထိတ်လန့်စေဖို့ မဟုတ်ဘဲ ကျွန်းကို သူတို့ပိုင်နက်အဖြစ် ရှုမြင်တဲ့ တရုတ်နိုင်ငံရဲ့ တိုက်ခိုက်မှုလို အကျပ်အတည်းဖြစ်လာရင် ပြည်သူတွေက ကြိုတင်ပြင်ဆင်ထားဖို့လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ရိုက်တာသတင်းဌာနက ပြန်သုံးသပ်ခဲ့တဲ့ လမ်းညွှန်စာအုပ်အသစ်ဟာ ထိုင်ဝမ်မှာ ကြုံရနိုင်တဲ့ အခြေအနေတွေကို စာရင်းပြုစုထားပြီး ဆူနာမီလို သဘာဝဘေးအန္တရာယ်တွေကနေ ကျူးကျော်ဝင်ရောက်မှုတွေအထိ ပါဝင်ပါတယ်။
၂၀၂၂ ခုနှစ်မှာ ပထမဆုံး ထုတ်ဝေပြီးတဲ့နောက် အခု တတိယအကြိမ် ထုတ်ဝေတာပါ။
ထိုင်ဝမ်စစ်တပ်ရဲ့ All-out Defense Mobilization Agency က ဒါရိုက်တာ ရှန်ဝေချီက ကနဦးဖြန့်ချိဖို့ စာအုပ် ၅,၀၀၀ ပုံနှိပ်မှာဖြစ်ပြီး အွန်လိုင်းပေါ်ကနေလည်း ဒေါင်းလုပ် လုပ်ထားနိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အင်္ဂလိပ်ဘာသာနဲ့လည်း ရရှိနိုင်ပါတယ်။
အင်တာနက် ပျက်သွားခဲ့ရင် ရေဒီယိုနားထောင်ပုံ၊ အစိုးရရဲ့ သီးသန့် hotlines တွေအတွက် ကြိုးဖုန်းတွေသုံးဖို့နဲ့ စိစစ်ပြီးသား သတင်းရယူဖို့ ရဲစခန်း ဒါမှမဟုတ် ရပ်ကွက်အစိုးရရုံးတွေဆီ သွားဖို့ စတဲ့လမ်းညွှန်ချက်တွေ ပါဝင်ပါတယ်။
Source: Reuters










