DVB Logo
Home
အားကစား
မန်စီးတီးတိုက်စစ်မှူး ဟာလန်းကိုခေါ်ယူရန် ဘာစီလိုနာအသင်း ပစ်မှတ်ထား
DVB
·
September 16, 2025
မန်စီးတီးတိုက်စစ်မှူး ဟာလန်းကိုခေါ်ယူရန် ဘာစီလိုနာအသင်း ပစ်မှတ်ထား
Donate to DVB

ဘာစီလိုနာအသင်းဟာ လာမယ့် ၂၀၂၆ ခုနှစ် နွေရာသီအပြောင်းအရွှေ့မှာ မန်စီးတီးတိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

လက်ရှိအသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးက လာမယ့် ၂၀၂၆ ခုနှစ် ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ဟာလန်းနဲ့ အစားထိုးဖို့ ဘာစီလိုနာက ပစ်မှတ်ထားလာခဲ့တာပါ။

ဟာလန်းဟာ မန်စီးတီးနဲ့ ၂၀၃၄ ခုနှစ် အထိ ကာလရှည်စာချုပ် ချုပ်ဆိုထားသူဖြစ်ပေမဲ့ မန်စီးတီးရဲ့ ရလဒ်မတည်မငြိမ်ဖြစ်လာချိန်မှာ အခွင့်ကောင်းရယူပြီး ခေါ်ယူဖို့ ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာ က ကြံရွယ်ထားကြောင်း စပိန်မီဒီယာတွေမှာဖော်ပြကြပါတယ်။

စပိန်မီဒီယာ အယ်လ်နေရှင်နယ်ကတော့ ဘာစီလိုနာ ဟာလီဝန်ဒေါစကီး နေရာအတွက် တီကို ကအယ်လ်ဗာရက်ဇ်ကိုလည်း စောင့်ကြည့်နေပေမဲ့ ဥက္ကဋ္ဌလာပေါ်တာ အမှန်တကယ် ခေါ်ယူလိုတာက ဟာလန်းဖြစ်တယ်လို့ ဖော်ပြသွားပါတယ်။ 

Photo:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013