DVB Logo
Home
နိုင်ငံတကာ
မနီလာမြို့တော်တွင် မီးလောင်ပြီး မိသားစု ၁,၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်
DVB
·
September 15, 2025
မနီလာမြို့တော်တွင် မီးလောင်ပြီး မိသားစု ၁,၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်
Donate to DVB

ဖိလစ်ပိုင်မြို့တော် မနီလာမြို့၊ တွန်ဒို လူနေရပ်ကွက်က ပျံကျအိမ်တွေမှာ စက်တင်ဘာ ၁၃ ရက် နှောင်းပိုင်းက မီးလောင်ကျွမ်းခဲ့ပြီး မိသားစု ၁,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

မနီလာ စံတော်ချိန် ည ၈ နာရီလောက်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး လူထူထပ်တဲ့ အိမ်တွေကနေတဆင့် အမြန် ပျံ့နှံ့သွားခဲ့တာပါ။

မီးသတ်ဌာန BFP နဲ့ စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့တွေက စက်တင်ဘာ ၁၄ ရက် မနက် ၂ နာရီ ၄၆ မိနစ်မှာ မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီး မနက် ၆ နာရီမှာ အပြီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

တညလုံး မီးငြှိမ်းသတ်နေတဲ့ မီးသတ်ကားအများအပြားက အိမ်တွေပေါ်ကို မီးသတ်ကားတွေနဲ့ ရေဖျန်းခဲ့ကြပုံကို ဒရုန်းယာဉ်တွေနဲ့ ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ တွေ့ရပါတယ်။

ဒေသန္တရအစိုးရရုံးတွေက ကယ်ဆယ်ရေးလုပ်ငန်းတွေကို ညှိနှိုင်း ဆောင်ရွက်နေပါတယ်။ မိသားစု ၁,၁၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး စာသင်ကျောင်းတွေမှာ ခဏ နေထိုင်ရပါတယ်။ မီးလောင်မှုအတွင်း လူသေဆုံးမှုမရှိဘူးလို့ BFP က ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ အဆောက်အအုံတွေ၊ အိမ်တွေနဲ့ ရုံးခန်းတွေမှာ မီးဘေးလုံခြုံရေးကို ကြပ်မတ်ဆောင်ရွက်ရာမှာ ဟာကွက်ရှိတဲ့ မှတ်တမ်းတွေ ရှိနေပါတယ်။

ဩဂုတ်လတုန်းက မနီလာမြို့ တရုတ်တန်းမှာ ငါးထပ်တိုက်ခန်း မီးလောင်လို့ လူ ၁၁ ယောက် သေဆုံးခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013