DVB Logo
Home
အားကစား
ကစားသမားအင်အား တောင့်တင်းအောင် လုပ်ဆောင်ခဲ့ဟု အာဆင်နယ်နည်းပြ ပြော 
DVB
·
September 14, 2025
ကစားသမားအင်အား တောင့်တင်းအောင် လုပ်ဆောင်ခဲ့ဟု အာဆင်နယ်နည်းပြ ပြော 
Donate to DVB

ကစားသမားအင်အား တောင့်တင်းအောင် လုပ်ဆောင်ခဲ့တဲ့အကြောင်းအရင်းကို အာဆင်နယ်နည်းပြ အာတေတာက ရှင်းလင်းသွားပါတယ်။

အာတေတာဟာ အခုနှစ်နွေရာသီမှာ စံချိန်တင် ငွေကြေးသုံးစွဲမှုအဖြစ် ကစားသမား ၈ ယောက် အတွက် ပေါင်သန်း ၂၅၀ လောက် သုံးစွဲခဲ့တာပါ။

အာဆင်နယ်အသင်းအနေနဲ့ အရင်နှစ်တွေက အတွေ့အကြုံတွေအရ ကစားသမားအင်အား တောင့်တင်းအောင် မလုပ်ဆောင်ခဲ့ဘူးဆိုရင် အလွန်ခက်ခဲတဲ့ အခြေအနေ ကြုံတွေ့ရနိုင်တာကြောင့် ဖြစ်ကြောင်း နည်းပြ အာတေတာက ပြောပါတယ်။

ဒါ့အပြင် အသင်းရဲ့အဆင့်အတန်းနဲ့ ဥရောပလိဂ်တွေရဲ့အဆင့်အတန်းက ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အဆင့်အတန်းမြင့်တာကြောင့် ကောင်းမွန်တဲ့ကစားသမားတွေ ပိုပြီးလိုအပ်ကြောင်း ကစားသမား တယောက်အနေနဲ့ တရာသီအတွင်း ပွဲ ၇၀၊ ၇၄ ပွဲလောက်ကစားနိုင်ဖို့က မဖြစ်နိုင်ကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။

အာဆင်နယ်မှာ အသင်းခေါင်းဆောင် အိုဒီဂတ် အပါအဝင် ဆာကာ၊ ဆာလီဘာနဲ့ ဟာဗက်ဇ်တို့က ဒဏ်ရာရရှိနေပေမဲ့ ကစားသမားသစ်တွေရဲ့ စွမ်းဆောင်နိုင်မှုနဲ့အတူ နော်တင်ဟမ်ဖောရက်စ်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013