DVB Logo
Home
မြန်မာသတင်း
ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရသူ ၁ ဦး လက်နက်ဖြင့် KNDF ထံ အလင်းဝင်
DVB
·
September 13, 2025
ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရသူ ၁ ဦး လက်နက်ဖြင့် KNDF ထံ အလင်းဝင်
Donate to DVB

စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲခံရပြီး ရှေ့တန်းရောက်လာတဲ့ တပ်သား ၁ ယောက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဆီကို လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ တပ်ရင်း ၅ က စက်တင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်မှုထမ်းအဖြစ်စုဆောင်းခံရတဲ့ ခမရ ၄၂၈ တပ်ရင်းက တပ်သား ပြည်သူ့စစ်မှုထမ်း-ပစ စန်းဝင်းနိုင် ဟာ သြဂုတ် ၂ ရက်နေ့ မှာ စစ်ကောင်စီရဲ့ ဒီးမော့ဆိုစစ်ကြောင်းထဲကနေ MA 1 ၁ လက်၊ MA 3 ၁ လက်တို့ကို ယူဆောင်ပြီးထွက်ပြေးလာတယ်လို့ ဆိုပါတယ်။

ကိုစန်းဝင်းနိုင်က “စစ်တပ်ထဲမှာနေရတာ အဆင်မပြေဘူး။ အပေါ်ကလူတွေက စိတ်ဓာတ်တွေ တော်တော်အောက်တန်းကျတယ်ခင်ဗျ။ ဗိုလ်ချုပ်ကြီးတွေကအစ တော်တော်လေးကို စိတ်ဓာတ်အောက်တန်းကျတယ်။ အဲဒါကိုယ်တွေ့ပါခင်ဗျ” လို့ ပြောပါတယ်။

သူဟာ ချောက်မြို့ကနေ ရန်ကုန်မြို့ကိုသွားတဲ့လမ်းမှာ စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲတာခံလိုက်ရပြီး ရှမ်းပြည်နယ်၊ ကျိုင်းတောင်းမှာ စစ်သင်တန်း ၃ လတက်ပြီးတဲ့နောက် လွိုင်ကော်ကနေတဆင့် ဒီးမော့ဆိုကိုပို့ချိန် တော်လှန်ရေးအင်အားစုဆီ ဘက်ပြောင်းခိုလှုံလာတယ်လို့ သိရပါတယ်။

အာဏာရှင်လူတစုကောင်းစားရေးအတွက် ပြည်သူကိုဆန့်ကျင်ပြီး စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းနေတဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေဆီ ဘက်ပြောင်းခိုလှုံပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ဖို့ တိုက်တွန်းတယ်လို့ KNDF က ဆိုပါတယ်။

KNDF ပြန်ကြားရေးတာဝန်ရှိသူက  “အကြမ်းဖက်စစ်တပ်အောက်ကနေ အတင်းအဓမ္မ စစ်မှုထမ်းနေရတဲ့ လူငယ်တွေအားလုံးကို  ပြည်သူတွေ၊ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းဖို့ ကျနော်တို့ဘက်က အထူးတလည် ဖိတ်ခေါ်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။

KNDF မှာ စစ်ကောင်စီတပ်ရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ စစ်မှုထမ်းအဖြစ် စုဆောင်းခံရသူတွေ ဘက်ပြောင်းခိုလှုံလာတာ အယောက် ၁၀၀ ထိရှိနေပြီး ဘက်ပြောင်းခိုလှုံလာသူတွေကိုလည်း မိသားစုသဖွယ်နွေးထွေးစွာကြိုဆိုမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013