DVB Logo
Home
နိုင်ငံတကာ
သက်ငယ်မုဒိမ်း အက်ပ်စတိန်းမှတ်တမ်းတွင် ပါသည့် ဗြိတိန်သံအမတ်ကြီး အထုတ်ခံရ
DVB
·
September 12, 2025
သက်ငယ်မုဒိမ်း အက်ပ်စတိန်းမှတ်တမ်းတွင် ပါသည့် ဗြိတိန်သံအမတ်ကြီး အထုတ်ခံရ
Donate to DVB

သက်ငယ်မုဒိမ်းနဲ့ လိင်ကုန်ကူးမှုကျူးလွန်သူ ဂျက်ဖရီအက်ပစ်တိန်းနဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်မှုတွေ ပေါ်ထွက်လာပြီးနောက် အမေရိကန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ပီတာ မန်ဒယ်လ်ဆင်ကို ဝန်ကြီးချုပ် ကီယာစတာမာက ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

ဒီတပတ်ထဲမှာ ပေါက်ကြားလာတဲ့ အီးမေးလ်မှတ်တမ်းတွေကြောင့် ဆယ်စုနှစ်သုံးခုကျော်ကြာ သံတမန်လောကမှာ ထင်ရှားတဲ့ မန်ဒယ်လ်ဆင် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။

မှတ်တမ်းတွေထဲမှာ  မန်ဒယ်လ်ဆင်က အက်ပ်စတိန်းကို “ကျနော့်ရဲ့ အခင်ဆုံးသူငယ်ချင်း” လို့ ခေါ်ဝေါ်သုံးနှုန်းခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

ဒါ့အပြင် ၂၀၀၈ ခုနှစ်က အက်ပ်စတိန်း ထောင်ဒဏ်ကျခံရခါနီးမှာ ပြစ်ဒဏ်ကနေ စောစောလွတ်အောင် ကြိုးစားဖို့ မန်ဒယ်လ်ဆင်က အကြံပေးခဲ့တဲ့ အီးမေးလ်တွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မန်ဒယ်လ်ဆင်ကို သံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့တုန်းက သိထားတာထက် အခုပေါ်လာတဲ့ အချက်အလက်တွေအရ သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှု အတိုင်းအတာက အများကြီး ကွာခြားနေတယ်လို့ ဆိုပါတယ်။

မန်ဒယ်လ်ဆင်ကတော့ အက်ပ်စတိန်းနဲ့ တွေ့ဆုံခဲ့မိတာကို အလွန်နောင်တရပြီး မပတ်သက်သင့်တာထက် အများကြီးပိုပြီး ပတ်သက်ခဲ့မိတယ်လို့ ဝန်ခံပြောဆိုထားပါတယ်။

ဒီပေါက်ကြားမှုတွေကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ပါ မေးခွန်းထုတ်ခံနေရပေမဲ့ အိမ်ဖြူတော်ကတော့ ထရမ့်ပ်ကနေ အက်ပ်စတိန်းကို ပေးခဲ့တယ်ဆိုတဲ့ မွေးနေ့ဆုတောင်းလွှာဟာ အစစ်မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013