DVB Logo
Home
အားကစား
အသင်းခေါင်းဆောင်မဖြစ်သင့်ဟု ဝေဖန်ခံရသည့်အပေါ် အိုဒီဂတ် တုံ့ပြန်
DVB
·
September 12, 2025
အသင်းခေါင်းဆောင်မဖြစ်သင့်ဟု ဝေဖန်ခံရသည့်အပေါ် အိုဒီဂတ် တုံ့ပြန်
Donate to DVB

အာဆင်နယ်အသင်းခေါင်းဆောင် မဖြစ်သင့်ဘူးလို့ ဝေဖန်ခံရတဲ့အပေါ် ကွင်းလယ်လူ မာတင် အိုဒီဂတ်က ပြန်လည်တုံ့ပြန်သွားပါတယ်။

အိုဒီဂတ်အနေနဲ့ ပွဲတိုင်းမှာ ပွဲချိန်ပြည့်ကစားပြီး  ဆုဖလားရယူနိုင်မယ့် အသင်းတသင်းရဲ့ ထောက်တိုင် ကစားသမားအဖြစ် လုပ်ဆောင်နိုင်မှာမဟုတ်ဘဲ ဒက်ကလန်ရိုက်စ်ကသာ အဲဒီလိုလုပ်ဆောင်နိုင်တာကြောင့် အသင်းခေါင်းဆောင်ရာထူးကို ရိုက်စ်ကို ပေးအပ်သင့်ကြောင်း အာဆင်နယ်ဂန္ထဝင် နောက်ခံလူ တိုနီအဒမ်ကဝေဖန် ပြောခဲ့တာပါ။

အိုဒီဂတ်ကတော့ အဲဒီလို ပြောဆိုမှုအပေါ် ဂရုစိုက်နေမှာမဟုတ်ဘဲ လူတိုင်းက သူ့အမြင်ကို လွတ်လပ်စွာပြောဆိုခွင့်ရှိကြောင်း၊ အဆိုးနဲ့အကောင်းမြင်မှုတွေက ဒွန်တွဲနေတတ်ပြီး ဝေဖန်မှုတွေက မိမိအပေါ် အကျိုးသက်ရောက်မူ တစုံတရာရှိမှာမဟုတ်ကြောင်းပြောပါတယ်။

နည်းပြအာတေတာကတော့ အသင်းခေါင်းဆောင်ရာထူးက ကစားသမားတွေနဲ့ အသင်းဝန်ထမ်းတွေအားလုံးက မဲပေးရွေးချယ်တာဖြစ်ပြီး မိမိကပေးအပ်ထားတာမဟုတ်ကြောင်း တိုနီအဒမ်ရဲ့ တိုက်တွန်းချက်ကို ပြန်လည်ချေပ သွားပါတယ်။ 

Photo: Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013