DVB Logo
Home
မြန်မာသတင်း
မဲစာရင်းကို စက်တင်ဘာလကုန်ကြေညာမည်၊ PR စနစ်၌ တသီးပုဂ္ဂလများ ဝင်ပြိုင်ခွင့်မရှိ 
DVB
·
September 11, 2025
မဲစာရင်းကို စက်တင်ဘာလကုန်ကြေညာမည်၊ PR စနစ်၌ တသီးပုဂ္ဂလများ ဝင်ပြိုင်ခွင့်မရှိ 
Donate to DVB

အာဏာသိမ်းစစ်တပ် ကျင်းပမယ့် ရွေးကောက်ပွဲ ပထမပိုင်းမှာပါတဲ့ မဲဆန္ဒနယ်တွေအတွက်  မဲစာရင်းကို စက်တင်ဘာလကုန်မှာ ကြေညာသွားမှာဖြစ်ပြီး တသီးပုဂ္ဂလ ဝင်ပြိုင်မယ့်သူတွေအနေနဲ့ PR စနစ်မှာ ဝင်ပြိုင်လို့မရဘူးလို့ စစ်တပ်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက် ဒီကနေ့ နေပြည်တော်မှာ   စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြောဆိုခဲ့တာဖြစ်ပါတယ်။

သတ်မှတ်ချက်မပြည့်မီလို့ နိုင်ငံရေးပါတီ ၄ ပါတီကို ဖျက်သိမ်းရတဲ့အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူက ရှင်းလင်းပြောကြားရာမှာ ကော်မရှင်အအနေနဲ့ ပြည်ထောင်စုတဝန်းလုံး မဲဆွယ်စည်းရုံးမယ့်ပါတီဝင် ဦးရေနဲ့ ရုံးခန်းအရေအတွက်ကို  ဥပဒေနဲ့ အညီ အရင်ကထက် ၃ ပုံ ၁ ပုံ လျှော့ပေးခဲ့ကြောင်း၊ သတ်မှတ်ရက် စက်တင်ဘာ ၇ ရက်နောက်ဆုံးထားပေးသွင်းရမှာဖြစ်ပေမဲ့ စက်တင်ဘာ ၈ ရက်အထိ စောင့်ဆိုင်းပြီးမှ စက်တင်ဘာ ၉ ရက်မှာသာ နိုင်ငံရေးပါတီ ၄ ပါတီကို မှတ်ပုံတင် ပယ်ဖျက်ကာ ဖျက်သိမ်းခဲ့တာလို့ ပြောပါတယ်။

သတင်းထောက်တယောက်က "မဲစာရင်းကို လကုန်ကြေညာမယ်၊ PR စနစ်မှာ တသီးပုဂ္ဂလက ဝင်ပြိုင်မရဘူး၊ ပါတီတွေဖျက်တာ ရွေးကောက်ပွဲ ပထမပိုင်းအတွက်ပဲ လူစာရင်းတင်လို့ ကိုယ်စားလှယ် ၈၃၃ နေရာမှာ ထက်ဝက် ၄၄၀ မတင်နိုင်လို့ ဖျက်သိမ်းတယ်လို့ ပြောတယ်"လို့ ရှင်းပြပါတယ်။

စစ်တပ်ဩဇာခံ  ရွေးကောက်ပွဲကော်မရှင်ဟာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီပါတီ (DNP)၊ အမျိုးသမီးပါတီ (မွန်) ပါတီနဲ့ ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီတို့ကို ရွေးကောက်ပွဲ ဥပဒေနဲ့ မညီဘူးဆိုပြီး စက်တင်ဘာ ၉ ရက်က ဖျက်သိမ်းခဲ့တာပါ။

ဒီလိုဖျက်သိမ်းပြီးနောက် စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအပေါ် နိုင်ငံရေးပါတီအများစုက ဝေဖန် ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲပထမပိုင်းကို မြို့နယ် ၁၀၂ မြိုနယ်မှာ ပြုလုပ်ဖို့ စီစဉ်နေတာဖြစ်ပြီး မှတ်ပုံပြန်တင်ထားတဲ့ နိုင်ငံရေးပါတီ ၆၁ ပါတီထဲက   ၄ ပါတီက ဖျက်သိမ်းခံလိုက်ရ ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013