DVB Logo
Home
အားကစား
ရော်နယ်ဒင်ညို၏သားဖြစ်သူ ချန်ပီယံရှစ်ကလပ် ဟားလ်စီးတီး အသင်းဆီ ပြောင်းရွှေ့
DVB
·
September 10, 2025
ရော်နယ်ဒင်ညို၏သားဖြစ်သူ ချန်ပီယံရှစ်ကလပ် ဟားလ်စီးတီး အသင်းဆီ ပြောင်းရွှေ့
Donate to DVB

ဘရာဇီးနဲ့ ဘာစီလိုနာဂန္ထဝင် ရော်နယ်ဒင်ညိုရဲ့ သားဖြစ်သူ ဂျာအိုမန်ဒက်စ်ဟာ ချန်ပီယံရှစ် ကလပ် ဟားလ်စီးတီးအသင်းဆီ ပြောင်းရွှေ့သွားပါတယ်။

အသက် ၂၀ နှစ်ရှိပြီဖြစ်တဲ့ မန်ဒက်စ်ဟာ မနှစ်ကရာသီကမှ ဘာစီလိုနာကနေ ဘန်လေအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ယူ-၂၁ အသင်းမှာ ပါဝင်ကစားခဲ့သူပါ။

အခုနှစ်ရာသီမှာတော့ ချန်ပီယံရှစ်ကလပ် ဟားလ်စီးတီးဆီ ပြောင်းရွှေ့ဖို့ အလုံးစုံ သဘောတူညီမှု ရရှိထားပြီး ရက်ပိုင်းအတွင်းမှာ တရားဝင်စာချုပ် ချုပ်ဆိုသွားမှာပါ။

နည်းစနစ်နဲ့ လျင်မြန်မှုရှိတဲ့ကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ မန်ဒက်စ်ဟာ ဘာစီလိုနာလူငယ်အသင်းမှာ ကစားစဉ်က ဖခင်ဖြစ်သူ ရော်နယ်ဒင်ညိုနဲ့ နှိုင်းယှဉ်မှုတွေကို ငြင်းဆန်ခဲ့သူပါ။

ရော်နယ်ဒင်ညိုရဲ့သား ဖြစ်ရတာ ဂုဏ်ယူမိပေမဲ့ ဖခင်ဖြစ်သူအတိုင်း လိုက်ကစားဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ကြောင်းနဲ့ မိမိရဲ့ကိုယ်ပိုင် ကစားပုံသာ ပြသသွားချင်ကြောင်း ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013