
အင်္ဂလန် ချန်ပီယံရှစ်ကလပ်တွေဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း စုစုပေါင်း ပေါင် ၃ ဘီလီယံကျော်အထိ အရှုံးပေါ်နေပြီး ငွေကြေးဆိုင်ရာ ကပ်ဘေးတခုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးချက်တွေ ထွက်ပေါ်နေပါတယ်။
ပေါ့စမောက်ဥက္ကဋ္ဌ မိုက်ကယ်အိုက်စနာက ကလပ်အသင်းတွေဟာ ပရီမီးယားလိဂ်တက်ဖို့အတွက် အင်အားထက် ကျော်လွန်သုံးစွဲနေကြတာကြောင့် အောက်ခြေလိဂ်တွေ ပြိုလဲသွားနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ လက်စတာစီးတီးဟာ ပေါင် ၃၀၅ သန်းကျော် အရှုံးပေါ်ခဲ့သလို ရှက်ဖီးဝင်းစ်ဒေးအသင်းကတော့ အကြွေးပြဿနာကြောင့် အမှတ်လျှော့ခံရပြီး တန်းဆင်းသွားခဲ့ရပါတယ်။
ကျွမ်းကျင်သူတွေကတော့ အသင်းပိုင်ရှင်တွေက ငွေကြေးစိုက်ထုတ်မှု ရပ်ဆိုင်းလိုက်ရင် ကလပ်အသင်းအများစုဟာ ၆ ပတ်အတွင်း ငွေပြတ်လပ်သွားနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ထောက်ပြထားပါတယ်။











