DVB Logo
Home
နိုင်ငံတကာ
အမေရိကန်တွင် ရဟတ်ယာဉ်ပျက်ကျပြီး လိုက်ပါလာသူအားလုံး သေဆုံး
DVB
·
September 8, 2025
အမေရိကန်တွင် ရဟတ်ယာဉ်ပျက်ကျပြီး လိုက်ပါလာသူအားလုံး သေဆုံး
Donate to DVB

အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ်၊ လိပ်ခ်ဗေးလ်မြို့က အဲရ်လိပ်ခ်လေဆိပ်နားမှာ စက်တင်ဘာ ၆ ရက်က ရဟတ်ယာဉ်ပျက်ကျမှုကို ဗဟိုအေးဂျင့်တွေက စုံစမ်းစစ်ဆေးနေပါတယ်။

ဒီဖြစ်ရပ်မှာ အသက်ရှင်ကျန်ရစ်သူ မရှိပါဘူး။ လူနေအိမ်မရှိသလို စီးပွားရေးခရိုင်လည်း မဟုတ်တဲ့ ဧရိယာမှာ စနေနေ့ မွန်းလွဲပိုင်းက ရဟတ်ယာဉ် ပျက်ကျခဲ့တယ်လို့ ABC သတင်းဌာနရဲ့ လက်ခွဲမဟာမိတ် KSTP သတင်းဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရဟတ်ယာဉ်ပေါ် ပါတဲ့ ခရီးသည် အရေအတွက်ကို ချက်ချင်းမသိရသေးပါဘူး။ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်လောက်မှာ အဝေးပြေးရိပ်သာလမ်းနဲ့ ၂၁၉ လမ်း အနောက်နားက နယ်မြေတခုကို တုံ့ပြန်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ တခြား ဘယ်သူမှ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ရဲတွေက ပြောပါတယ်။

အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးကင်းရေးဘုတ်အဖွဲ့ စုံစမ်းစစ်ဆေးရေးမှူးတယောက်က မင်နီဆိုးတားပြည်နယ်ဆီ လမ်းကြောင်းပြောင်းနေပြီး တနင်္ဂနွေနေ့မှာ ရောက်လာဖို့ မျှော်လင့်ရပါတယ်။

ရဟတ်ယာဉ်ပျံသန်းမှုဆိုင်ရာ အချက်အလက်တွေ၊ ဖြစ်နိုင်ခြေရှိတဲ့ သက်သေထွက်ဆိုချက်တွေ၊  ရဟတ်ယာဉ်မှတ်တမ်းတွေနဲ့ တခြားအရာတွေကို သူတို့က စုဆောင်းမှာပါ။

NTSB ဟာ ပြည်ထောင်စု လေကြောင်းစီမံခန့်ခွဲရေးဌာနနဲ့အတူ ရဟတ်ယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးရာမှာ ဦးဆောင်မှာလည်း ဖြစ်ပါတယ်။

ဟန်းနက်ပင်မြို့နယ် ဆေးဘက်စစ်ဆေးရေးရုံးက သေဆုံးသူတွေ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတဲ့ အထောက်အထားကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013