DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်၏ ICE ခြိမ်းခြောက်မှုကို ချီကာဂိုတွင် လူထောင်ပေါင်းများစွာ ဆန္ဒပြ 
DVB
·
September 7, 2025
ထရမ့်ပ်၏ ICE ခြိမ်းခြောက်မှုကို ချီကာဂိုတွင် လူထောင်ပေါင်းများစွာ ဆန္ဒပြ 
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဖက်ဒရယ်တပ်တွေ ချထားရေးနဲ့ လူဝင်မှုကြီးကြပ်ရေး တင်းကျပ်မယ့် အစီအစဉ်တွေကို ဆန့်ကျင်ကြောင်း ချီကာဂိုမြို့မှာ လူထောင်ပေါင်းများစွာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ 

ဆန္ဒပြသူတွေက ‘လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနရဲ့ အတင်းအကျပ်လုပ်ဆောင်မှု ICE ကို ဖျက်သိမ်းပေး၊ ထရမ့်ပ် အလိုမရှိ၊ တပ်အလိုမရှိ’ ဆိုတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ခဲ့တာ ဖြစ်ပါတယ်။ 

ချီကာဂိုမှာ ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ အမျိုးသာအစောင့်တပ်တွေကို ချထားမယ်လို့ ထရမ့်ပ်က စက်တင်ဘာ ၂ ရက်နေ့မှာ ပြောဆိုခဲ့တာပါ။ 

ဒါဟာ အမေရိကန်ရဲ့ တတိယမြောက်အကြီးဆုံးမြို့မှာ တပ်ဖွဲ့ဝင်တွေ ချထားဖို့ဖြစ်ပြီး ဒေသခံအဖွဲ့တွေနဲ့ ဥပဒေဆိုင်ရာ ပွတ်တိုက်မှုတွေဖြစ်လာနိုင်တဲ့ မီးစဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 

ထရမ့်ပ်ဟာ စက်တင်ဘာ ၅ ရက်နေ့ကလည်း ကာကွယ်ရေးဌာနကို စစ်ဌာနလို့ ပြောင်းလဲတဲ့ ဥပဒေလို အာဏာတည်တဲ့ အမိန့်မှာ လက်မှတ်ထိုးခဲ့ပါတယ်။ 

ထရမ့်ပ်ကိုဝေဖန်တဲ့ ဒီမိုကရက်တယောက်ဖြစ်တဲ့ အီလီနွိုက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျေဘီပရစ်ကာက ICE ဟာ ဒီတပတ်နဲ့နောက်တပတ်မှာ ကျင်းပဖို့ပြင်ဆင်ထားတဲ့ မက္ကဆီကို လွတ်လပ်ရေးနေ့ပွဲတော်နဲ့ တချိန်တည်း ရုတ်တရက် ဖမ်းဆီးမှုတွေ ပြုလုပ်မယ်လို့ ယုံကြည်ကြောင်း ပြောထားပါတယ်။ 

လူဝင်မှုကြီးကြပ်ရေးရဲ့ ရုတ်တရက်ဖမ်းဆီးမှုတွေကို ကြောက်ရွံ့တာကြောင့် မက္ကဆီကိုတွေဟာ ချီကာဂိုမြို့မှာ ပြုလုပ်မယ့်ပွဲကို ရက်ရွှေ့တာတွေ ဖျက်သိမ်းတာတွေ လုပ်ဆောင်နေပါတယ်။ 

ICE ကတော့ ချီကာဂိုကို အေးဂျင့်တွေ ပိုပြီးစေလွှတ်တာမျိုးရှိလားဆိုတဲ့ မေးမြန်းချက်တွေကို တုံ့ပြန်ဖြေကြားတာမျိုး မရှိသေးပါဘူး။ 

ချီကာဂိုဒေသခံတွေကလည်း လူဝင်မှုကြီးကြပ်ရေးရဲ့ လှုပ်ရှားမှုတွေ ထင်ထင်ရှားရှား တိုးမြှင့်လုပ်တာမျိုး မတွေ့ရသေးဘူးလို့ ပြောထားပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013