DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်-ရွှေကျင်လမ်းတွင် ငွေတောင်းနေသည့် စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး ၂ ဦးသေ
DVB
·
September 7, 2025
ညောင်လေးပင်-ရွှေကျင်လမ်းတွင် ငွေတောင်းနေသည့် စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး ၂ ဦးသေ
Donate to DVB

ပဲခူးတိုင်း၊ ညောင်လေးပင်-မဒေါက်-ရွှေကျင်လမ်းပိုင်းမှာ ငွေကြေးကောက်နေတဲ့ စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ Fire Dagon PDF တပ်ဖွဲ့ဆီကနေ သိရပါတယ်။

စက်တင်ဘာ ၅ ရက် မနက်ပိုင်းမှာ အဲဒီဂိတ်ကို Fire Dagon PDF တပ်ဖွဲ့က‌ ပြောက်ကျား ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တာပါ။

တိုက်ခိုက်မှုအတွင်း MA 1၊ MA 2 သေနတ် ၁ လက်စီနဲ့ ကျည်ဘောက် ၅ ခု၊ အီနာဂါဗုံးသီး ၂ လုံးနဲ့ ကျည်အတောင့် ၁၈၀ ‌ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

Fire Dagon PDF တပ်ဖွဲ့တာဝန်ရှိသူက “‌ညောင်လေးပင်-မဒေါက်ကြားက အထိုင်ချစခန်းကို ဝင်တိုက်တာပါ၊ အထိုင်စခန်းတော့ မဟုတ်ဘူး၊ သူတို့ ဂိတ်ကြေးကောက်တဲ့ နေရာပါ။ ရန်သူကတော့ ၂ ယောက် ကျတယ်၊ လက်နက်တွေလည်း သိမ်းဆည်းခဲ့တယ်။ အဲဒီနေရာက  ကားလမ်းကြော ဆိုတော့ လူမနေဘူးလေ။ ပြည်သူတော့ အထိအခိုက်မရှိပါဘူး” လို့ ပြောပါတယ်။

တိုက်ခိုက်မှုအပြီးမှာ ညောင်လေးပင် ခမရ-၂၀ ကနေ ၁၂၀-မမနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013