DVB Logo
Home
မြန်မာသတင်း
ငပုတောမြို့နယ်တွင် ကုန်တင်စက်လှေ ၂ စင်းကို စစ်တပ်နှင့်ရဲက ဖမ်းဆီး
DVB
·
September 6, 2025
ငပုတောမြို့နယ်တွင် ကုန်တင်စက်လှေ ၂ စင်းကို စစ်တပ်နှင့်ရဲက ဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မှာ ကုန်တင်စက်လှေ ၂ စင်းကို စစ်တပ်နဲ့ ရဲတွေက စက်တင်ဘာ ၄ ရက်မှာ ဖမ်းဆီးခဲ့တယ်လို ဒေသခံတွေဆီက သိရပါတယ်။

အဖမ်းခံရတဲ့ ကုန်တင်စက်လှေတွေဟာ ငပုတောမြို့ကနေ စားသောက်ကုန်ပစ္စည်းတင်ပြီး ငရုတ်ကောင်မြို့ကို သွားဖို့အတွက် ပြင်ဆင်နေတဲ့ချိန် စစ်တပ်နဲ့ရဲ အင်အား ၁၀ ယောက်လောက်က ရုတ်တရက်ရောက်လာပြီး ဖမ်းဆီးသွားတာလို့ သိရပါတယ်။

အဖမ်းခံရသူတွေနဲ့ နီးစပ်သူတယောက်က “ထွက်ဖို့ပြင်ဆင်နေချိန် အဖမ်းခံရတာလို့ သိရတယ်။ စက်လှေ၂ စင်းလုံးက ကုန်ခြောက်တွေပဲတင်လာတဲ့စက်လှေတွေပါ။ ဘယ်အသင်းအဖွဲ့အတွက်မှ ရိက္ခာသယ်လာတာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

အဲဒီ ကုန်တင်စက်လှေ ၂ စင်းကို အာရက္ခတပ်တော် AA ဆီပို့မယ့် ရိက္ခာတွေတင်လာတဲ့ စက်လှေလို့ စွပ်စွဲပြီး စစ်တပ်နဲ့ရဲ့က ဖမ်းဆီးခဲ့တာလို့ နီးစပ်သူတွေဆီက သိရပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ပုံမှန်ကုန်စည်ကူးသန်းနေတဲ့ စက်လှေတွေပါ။ အသက် ၁၈ နှစ်အရွယ်လူငယ်အပါအဝင် လူ ၄ ယောက်ကိုပါ ဖမ်းထားတယ်။ ရွှေသောင်ယံက ၁ ယောက်နဲ့ ငပုတောက ၃ ယောက်လို့ သိရတယ်။ ဘယ်မှာဖမ်းထားတယ်ဆိုတာတော့မသိသေးဘူး” လို့ ပြောပါတယ်။

အဖမ်းခံရတဲ့ ကုန်စက်လှေ ၂ စင်းထဲမှာ ဆန်၊ ဆား၊ စားသုံး ဆီ၊ စက်သုံးဆီ၊ ဆေးဝါး၊ အဝတ်အထည်တွေနဲ့ ဆပ်ပြာတွေပဲ ပါဝင်ပြီး တရားမဝင်ကုန်ပစ္စည်းတွေ မတွေ့ရဘူးလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်ပထမအပတ်ထဲမှာလည်း ရခိုင်ပြည်နယ်ကိုတင်ပို့မယ့် ငွေကျပ်သိန်းပေါင်း ၆၀,၀၀၀ လောက်နဲ့ စားသောက်ကုန်စည်တွေသယ်လာတဲ့ စက်လှေတစင်းကို ဧရာဝတီတိုင်း၊ ချောင်းသာကမ်းခြေအနီးမှာ စစ်တပ်က ဖမ်းဆီးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013