
ဆလိုဗက်ကီးယားအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဂျာမနီအသင်းရဲ့ ကစားပုံအပေါ် ဂျာမနီလက်ရွေးစင် ဟောင်းရှဝိန်းစတိုင်ဂါက ဝေဖန်သွားပါတယ်။
ဂျာမနီအသင်းမှာ မူဆီယာလာ၊ ဆာနေးနဲ့ ကိုင်ဟာဗက်ဇ်တို့ကလွဲရင် လူစုံပါဝင်ခဲ့ပေမဲ့ ကမ္ဘာ့အဆင့် ၅၂ က ဆလိုဗက်ကီးယားကို ၂ ဂိုး ဂိုးမရှိနဲ့ အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တာပါ။
ဂျာမနီအသင်းရဲ့ကစားပုံက နိုင်ပွဲရမယ်ဆိုတဲ့ ယုံကြည်ချက်မျိုးမရှိဘဲ ကောင်းမွန်တဲ့ပေးပို့မှုတွေနဲ့ ဂိုးပေါက်ခြိမ်းခြောက်နိုင်မှုတွေ နည်းပါးခဲ့ကြောင်း ရှဝိန်းစတိုင်ဂါက ပြောပါတယ်။
ဒီနေ့လိုကစားပုံမျိုးနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့မယ်ဆိုရင် အောင်မြင်မှုတခုလို့တောင် သတ်မှတ်နိုင်ကြောင်း စတိုင်ဂါက ပြောပါတယ်။
ဂျာမနီတိုက်စစ်ပိုင်းကို လီဗာပူးက ဖလော်ရီယန်ဗက်ဇ်၊ နယူးကာဆယ်တိုက်စစ်မှူးသစ် ဗော်တာမက်ဒီနဲ့ နာဘရီတို့က ဦးဆောင်ခဲ့ပေမဲ့ တပွဲလုံးမှာ ဂိုးပေါက်တည့်တဲ့ကန်ချက် ၃ ကြိမ်ပဲရရှိခဲ့ပြီး ရှုံးပွဲတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
Photo: Reuters











