DVB Logo
Home
အားကစား
ဂျာမေကာနိုင်ငံကို ကိုယ်စားပြုကစားမည့်အစီအစဉ်ကို ဂရင်းဝုဒ် ဆိုင်းငံ့ထား
DVB
·
September 6, 2025
ဂျာမေကာနိုင်ငံကို ကိုယ်စားပြုကစားမည့်အစီအစဉ်ကို ဂရင်းဝုဒ် ဆိုင်းငံ့ထား
Donate to DVB

မာဆေးတိုက်စစ်ကစားသမား မေဆန်ဂရင်းဝုဒ်ဟာ ဂျာမေကာနိုင်ငံကို ကိုယ်စားပြုကစားမယ့် အစီအစဉ်ကို ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။

သက်တမ်းအလိုက် အင်္ဂလန်အသင်းတွေမှာ ကစားခဲ့ပြီး အင်္ဂလန်အသင်းကြီးမှာလည်း တပွဲကစားခဲ့တဲ့ ဂရင်းဝုဒ်ဟာ အင်္ဂလန်အသင်းမှာ မပါဝင်တော့တာကြောင့် နိုင်ငံကိုယ်စားပြု ပြောင်းလဲဖို့ စီစဉ်ခဲ့တာပါ။ 

အခုတပတ်နိုင်ငံတကာပွဲစဉ်တွေမှာ ဂျာမေကာနိုင်ငံလက်ရွေးစင်အသင်းအတွက် စတင်ကစားဖို့ စီစဉ်ထားပေမဲ့ လက်ရှိအချိန်မှာတော့ အင်္ဂလန်အသင်းအပေါ် စိတ်မပြတ်သားသေးတဲ့ အခြေအနေကြောင့် ဆိုင်းငံ့ထားလိုက်တာပါ။

အင်္ဂလန်နည်းပြ တူဟယ်ကတော့ ဂရင်းဝုဒ်နဲ့ ဆက်သွယ်ခြင်းမရှိသလို သူဟာ ဂျာမေကာအတွက်ကစားဖို့ ကြိုးစားနေသူလို့ နားလည်ထားကြောင်း၊ လတ်တလောမှာ ဂရင်းဝုဒ်ကိစ္စက ဦးစားပေးမဟုတ်ဘဲ အသင်းအတွက် ရွေးချယ်ဖို့ ပြင်ဆင်ထားတာလည်း မရှိကြောင်း ပြောပါတယ်။

ဂျာမေကာနည်းပြ မက္ကလာရင်ကတော့ ဂရင်းဝုဒ်ကို ခေါ်ယူနိုင်ရေး စိတ်ရှည်ပေးရမှာဖြစ်ပြီး သူဟာ ဂျာမေကာကို ချစ်မြတ်နိုးသူဆိုတာ သိရှိကြောင်း ပြောသွားပါတယ်။ 

Photo:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013