DVB Logo
Home
မြန်မာသတင်း
ဝါးခယ်မတွင် မူးယစ်ဆေးဝါးရောင်းချသည့် ရဲတပ်ဖွဲ့ဝင်ကို ဖမ်းမိသော်လည်း အရေးမယူ
DVB
·
September 5, 2025
ဝါးခယ်မတွင် မူးယစ်ဆေးဝါးရောင်းချသည့် ရဲတပ်ဖွဲ့ဝင်ကို ဖမ်းမိသော်လည်း အရေးမယူ
Donate to DVB

ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့မှာ မူးယစ်ဆေးတွေနဲ့အတူ ဖမ်းမိတဲ့ ၅ ယောက်ထဲက မူးယစ်ဆေးဝါးရောင်းချတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တယောက်ကို အရေးယူခြင်းမရှိဘဲ လွှတ်ပေးထားပြီး ကျန်အရပ်သားတွေကိုသာ အရေးယူထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၈ ရက်က ဝါးခယ်မမြို့နယ်၊ မြသိန်းတန်ရပ်ကွက်၊ ဝါးခယ်မတံတားအဆင်း ADK Hotel အတွင်းကနေ အရပ်သား ၄ ယောက်နဲ့ ရဲတပ်ဖွဲ့ဝင်တယောက်ကို ဝါးခယ်မ မြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူးသန်းထွန်းအောင် ကိုယ်တိုင် ဖမ်းမိခဲ့တာလို့ သိရပါတယ်။

ဝါးခယ်မရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “စစ်ဆေးချက်အရ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ကောင်းဆက်ဇော်က မူးယစ်ဆေးဝါးရောင်းချတာလို့ စစ်ဆေးပေါ်ပေါက်ပေမဲ့ အရေးမယူဘူး။ စခန်းမှူးက အကာအကွယ်ပေးထားတာ။ ကျန်တဲ့ အရပ်သား ၄ ယောက်ကို အရေးယူထားတာ” လို့ ပြောပါတယ်။

ဝါးခယ်မမြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်သား ကောင်းဆက်ဇော်၊ မယမင်းသော်၊ မအေးချမ်းသော်၊ မဲကြီးနဲ့ ဇင်ဇင် ဆိုသူတို့ကို စိတ်ကြွမူးယစ်ဆေးပြားများနဲ့အတူ ဖမ်းမိခဲ့တာလို့ သိရပါတယ်။

ဖြစ်စဉ်ကိုသိရှိတဲ့ အရပ်သားတယောက်က “ဝါးခယ်မမြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူး သန်းထွန်းအောင်နဲ့အဖွဲ့က ADK Hotel ကို ဝင်ရောက်စီးနင်း ရှာဖွေပြီး ဖမ်းဆီးခဲ့တာ။ သူ့တပည်ဖြစ်တဲ့ ရဲက မူးယစ်ဆေး ရောင်းတာကို သိလျက်နဲ့ လွှတ်ပေးထားတာ။ ကျန်တဲ့ မိန်းကလေးတွေ အပါအဝင် အရပ်သားတွေကို အရေးယူထားတာ” လို့ ပြောပါတယ်။

ဝါးခယ်မမြို့နယ် ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးတွေကို ကိုယ်တိုင်ရောင်းချနေတဲ့အပြင် လောင်းကစားဝိုင်းတွေနဲ့ သုံးလုံးထီ (3D)၊ နှစ်လုံးထီ (2D) စတဲ့ တရားမဝင် လောင်းကစားတွေကို လာဘ်ငွေယူပြီး ခွင့်ပြုပေးနေတာလို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်ကလည်း ဧရာဝတီတိုင်း၊‌ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်း ကျေးရွာမှာ ဦးလေးဖြစ်သူက အသက် ၁၄ နှစ်အရွယ် ကျောင်းသူအား အဓမ္မပြကျင့်တဲ့ အမှုကို စစ်ကောင်စီရဲနဲ့ အုပ်ချုပ်ရေးမှူးတွေက လာဘ်ငွေယူ ပူးပေါင်းပြီး အမှုခေါင်းစဉ်ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013