DVB Logo
Home
နိုင်ငံတကာ
ဝန်ကြီးချုပ်ဖြစ်ရန် ထောက်ခံမှုအလုံအလောက်ရပြီဟု ဖုမ်းကျိုင်းထိုင်းပါတီခေါင်းဆောင်ပြော 
DVB
·
September 3, 2025
ဝန်ကြီးချုပ်ဖြစ်ရန် ထောက်ခံမှုအလုံအလောက်ရပြီဟု ဖုမ်းကျိုင်းထိုင်းပါတီခေါင်းဆောင်ပြော 
Donate to DVB

ထိုင်းနိုင်ငံရဲ့ ဖုမ်းကျိုင်းထိုင်းပါတီခေါင်းဆောင် အနုထင်း ချန်းဝီရကွန်းက သူ ဝန်ကြီးချုပ် ဖြစ်လာဖို့ ကြိုးပမ်းရာမှာ နိုင်ငံရေးအုပ်စုတွေနဲ့ ပါတီတွေ ၇ ခုဆီမှ လွှတ်တော်ကိုယ်စားလှယ် ၁၄၆ ယောက်ရဲ့ ထောက်ခံမှုကို ရရှိထားပြီလို့ စက်တင်ဘာလ ၃ ရက်မှာ ပြောပါတယ်။

အနုထင်းက သူဟာ အစိုးရဖွဲ့စည်းပြီး ၄ လအတွင်း လွှတ်တော်ဖျက်သိမ်းရေး အပါအဝင် လွှတ်တော်ရှိ အင်အားအကြီးဆုံးပါတီ ဖြစ်တဲ့ ပြည်သူ့ပါတီက သတ်မှတ်ထားတဲ့ အခြေအနေတွေကို ကတိပြုထားကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

ဖုမ်းကျိုင်းထိုင်းပါတီနဲ့ အစိုးရဖွဲ့ဖို့  ပေါင်းစည်းထားတဲ့ လွှတ်တော်အမတ် ၁၄၆ ယောက်စလုံးဟာ ပြည်သူ့ပါတီ ဆီကို အမည်စာရင်းတွေ ပေးထားကြောင်းနဲ့ သူ့ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံပေးဖို့နဲ့ ပြည်သူ့ပါတီရဲ့ အဆိုပြုချက်အရ အစိုးရဖွဲ့ဖို့ကိုလည်း ကတိပြုထားကြောင်း  ပါတီခေါင်းဆောင် အနုထင်းက ပြောပါတယ်။

လူတိုင်းရဲ့ ရည်ရွယ်ချက်နဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို အချည်းနှီး မဖြစ်စေရဘူးလို့ အတည်ပြုနိုင်ပါကြောင်းနဲ့ အစိုးရအဖြစ် စတင်ဆောင်ရွက်ချိန်မှစပြီး ၄ လတာကာလအတွင်း ပြည်သူ့ပါတီနဲ့ လုပ်ဆောင်ထားတဲ့ အဲဒီသဘောတူညီချက် ၅ ချက်ကို ဆက်လက်ထိန်းသိမ်းသွားမယ် လို့လည်း ဆိုပါတယ်။ 

ပြည်တွင်းမှာ အင်အားအကြီးဆုံး အတိုက်အခံ ပြည်သူ့ပါတီဟာ ဖုမ်းကျိုင်းထိုင်းပါတီကို အစိုးရဖွဲ့ဖို့ ထောက်ခံပေးမယ်လို့ ထုတ်ပြန်ကြေညာပြီး မကြာခင်မှာလေးပဲ အာဏာရ ဖွေ့ထိုင်းပါတီကလည်း ရွေးကောက်ပွဲ အသစ်အတွက် ပါလီမန်ကို ဖျက်သိမ်းဖို့ တော်ဝင်သဘောတူညီချက်ကို ရယူခဲ့ပြီဖြစ်ကြောင်း တချိန်တည်းမှာပဲ ပြောကြားခဲ့ပါတယ်။ 

သြဂုတ် ၂၉ ရက်က ဝန်ကြီးချုပ်  ဖဲထောင်းထန်းရှင်နာဝပ်  ရာထူးမှထုတ်ပယ်ခံလိုက်ရတာကြောင့် အာဏာရယူဖို့ အပြိုင်အဆိုင် လှုပ်ရှားလာကြပြီး သူ့ရဲ့မဟာမိတ်ဟောင်း ဖုမ်းကျိုင်းထိုင်းပါတီ သူ့ကိုယ်ပိုင်အစိုးရဖွဲ့ဖို့ ရဲရဲတင်းတင်း စိန်ခေါ်လာတာကြောင့် ဖွေ့ထိုင်းပါတီကလည်း ပြိုယိုင်လွယ်နေတဲ့ ညွန့်ပေါင်းပါတီကို ခိုင်မာအောင် အမြန်ကြိုးစားနေရပါတယ်။

ဝန်ကြီးချုပ် ဖဲထောင်းထန်းကို ဖယ်ရှားလိုက်တာဟာ ထိုင်းနိုင်ငံရဲ့ အထက်တန်းလွှာ ပြိုင်ဘက်တွေအကြားက အာဏာရရှိရေးအတွက် နှစ်ပေါင်း ၂၀ လောက် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရတဲ့ တိုက်ပွဲတွေမှာ နောက်ဆုံးလှည့်ကွက် တခုလည်း ဖြစ်ပါတယ်။

ဖဲထောင်းထန်းဟာ စစ်တပ် သို့မဟုတ် တရားစီရင်ရေးမှ ဖြုတ်ချခြင်းခံရတဲ့ သန်းကြွယ်သူဌေး ရှင်နာဝပ် မိသားစုကနေ ကျောထောက်နောက်ခံ ပြုထားတဲ့ ဆဋ္ဌမမြောက် ၀န်ကြီးချုပ်ဖြစ်ပြီး အာဏာရပြီး တနှစ်အတွင်းမှာ ဖြုတ်ချခံရတာ ဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013