
ငတ်မွတ်ခေါင်းပါးမှုဟာ ‘ဒုံးကျည်တွေထက် ဈေးသက်သာတဲ့ လက်နက်’ ဖြစ်လာတယ်လို့ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က မေ ၂၆ ရက်က အီတလီနိုင်ငံ ရောမမြို့မှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာ ပြောကြားပါတယ်။
အီရန်ပဋိပက္ခကြောင့် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအပေါ် သက်ရောက်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) မှာ အစည်းအဝေးတက်နေချိန်မှာ ခုလိုပြောခဲ့တာပါ။
ဈေးကွက်တွေ၊ လယ်ယာမြေတွေနဲ့ စားနပ်ရိက္ခာ ဖြန့်ဖြူးရေးစနစ်တွေအား တိုက်ခိုက်မှုတွေကို မှတ်တမ်းတင်ထားခဲ့တယ်လို့လည်း FAO ရုံးချုပ်မှာရှိတဲ့ လူပြည့်ကျပ်နေတဲ့ ခန်းမဆောင်တခုမှာ ဆန်းချက်ဇ်က မိန့်ခွန်းပြောကြားခဲ့တာပါ။
“ဂါဇာမှာပေါ့၊ အဲဒီမှာ လူတွေကို ငတ်မွတ်ခေါင်းပါးစေခြင်းအားဖြင့် စစ်ပွဲတပွဲကို အနိုင်ရဖို့ ကြိုးစားနေကြတယ်” လို့ သူက ပြောခဲ့ပါတယ်။
ဆန်းချက်ဇ်နဲ့အတူ ကုလသမဂ္ဂအေဂျင်စီရဲ့ ဥက္ကဋ္ဌအဖြစ် ယှဉ်ပြိုင်မယ့် စပိန်နိုင်ငံရဲ့ စိုက်ပျိုးရေးဝန်ကြီး လူးဝစ် ပလာနက်စ် လည်း အီတလီကို နှစ်ရက်ကြာ ခရီးစဉ်မှာ လိုက်ပါလာခဲ့ပါတယ်။
Source:Reuters










