DVB Logo
Home
နိုင်ငံတကာ
အင်ဒိုနီးရှားသံတမန် ၁ ဦး လုပ်ကြံသတ်ဖြတ်ခံရမှုကို စုံစမ်းစစ်ဆေးရန် ပီရူး ကတိပြု
DVB
·
September 3, 2025
အင်ဒိုနီးရှားသံတမန် ၁ ဦး လုပ်ကြံသတ်ဖြတ်ခံရမှုကို စုံစမ်းစစ်ဆေးရန် ပီရူး ကတိပြု
Donate to DVB

ပီရူးနိုင်ငံမြို့တော် လီမာမှာ အင်ဒိုနီးရှားသံတမန်တယောက် အသတ်ခံရမှုကို သေသေချာချာ စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ကြောင်း ပီရူးအာဏာပိုင်တွေက စက်တင်ဘာ ၂ ရက်မှာ ကတိပြုခဲ့ပြီး လုပ်ကြံခံရမှုအတွက်လည်း အဖြေရှာပေးမှာဖြစ်ကြောင်းလည်း ဆိုပါတယ်။

ပီရူးမြို့တော်ရှိ အင်ဒိုနီးရှားသံရုံးမှာ သံရုံးအုပ်ချုပ်သူအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဇက်တရိုး လီယိုနာဒို ပူးရ်ဘာဟာ စက်တင်ဘာလ ၁ ရက်ညပိုင်းက စက်ဘီးစီးပြီး အိမ်ပြန်နေတုန်း ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ လူတယောက်ကနေ သေနတ်နဲ့ ၃ ချက် ပစ်ခတ်တာခံခဲ့ရပြီးနောက် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပီရူးနိုင်ငံခြားရေးဝန်ကြီး အဲလ်မားရှီးယားလားက ပူးရ်ဘာ လုပ်ကြံသတ်ဖြတ်ခံရမှုကို လေးလေးနက်နက် စိတ်မကောင်းဖြစ်ရပါကြောင်းနဲ့ ဖြစ်ပျက်ခဲ့သမျှကို ရှင်းလင်းဆောင်ရွက်ဖို့အတွက် လုပ်ဆောင်နိုင်သမျှ အားလုံးကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

လီမာရှိ အင်ဒိုနီးရှားသံရုံး အမှုထမ်းတွေနဲ့ အဆောက်အအုံတွေအတွက် ရဲတပ်ဖွဲ့ရဲ့ အကာအကွယ်ကို တိုးမြှင့်ပေးမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီယို့နိုက သူဟာ ပီရူးနိုင်ငံခြားရေးဝန်ကြီးနဲ့ စကားပြောခဲ့ပြီး ပူးရ်ဘာ သေဆုံးမှုနဲ့ ပတ်သက်ပြီး စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားတယ်လို့ ဆိုရှယ်မီဒီယာမှာ ပြောကြားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013