
လီဗာပူးအသင်းရဲ့ အသက် ၂၃ နှစ်အရွယ် တောင်ပံကစားသမား ဟားဗီးအဲလီးယော့တ်ကို ခေါ်ယူဖို့ စပိန်ကလပ် ဗလင်စီယာအသင်းက ရေပန်းစားနေပါတယ်။
အဲလီးယော့တ်ကို လာဇီယိုနဲ့ နာပိုလီတို့ကလည်း စိတ်ဝင်စားနေပေမဲ့ ဗလင်စီယာက အဓိက ပစ်မှတ် ထားနေတာပါ။ လီဗာပူးအသင်းကတော့ တရားဝင် ကမ်းလှမ်းမှု မရသေးပေမဲ့ ဒီအခြေအနေကို သိရှိထားပါတယ်။
အဲလီးယော့တ်ဟာ ပြီးခဲ့တဲ့ရာသီက အက်စတွန်ဗီလာမှာ အငှားသွားကစားခဲ့ကာ ပွဲထွက်ခွင့် နည်းပါး ခဲ့တာပါ။
အဆင်မပြေမှုတွေကြောင့် ၉ ပွဲသာ ပါဝင်ကစားခဲ့ရပြီး ၁ ဂိုးသာ သွင်းယူနိုင်ခဲ့တာပါ။ လီဗာပူး အသင်းဟာ အဲလီးယော့တ်နဲ့အတူ တောင်ပံကစားသမား ကီအေဆာတို့ကိုလည်း အသင်းကနေ ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။
Photo:Reuters











