ဘာစီလိုနာအသင်းဟာ ဗလင်စီယာအသင်းကို ၅ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီးနောက် အခုရာသီ လာလီဂါ ပွဲစဉ် ၄ အပြီးမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ ၁၂ မှတ် ရရှိထားပါတယ်။
ဒုတိယနေရာက အလာဗက်စ်အသင်းက ရမှတ် ၁၀ မှတ်၊ တတိယနေရာက ရီးရဲလ်မက်ဒရစ် အသင်းက ရမှတ် ၉ မှတ် ရရှိထားတာကြောင့် ဘာစီလိုနာဟာ ဇယားထိပ်မှာ ၂ မှတ်ဖြတ် ဦးဆောင်ထားတာပါ။
ဘာစီလိုနာအသင်းဟာ အခုရာသီ လာလီဂါ ၄ ပွဲမှာ ၁၇ ဂိုး သွင်းယူပြီး ၂ ဂိုးသာ ပေးထားရသလို ဂိုးကွာခြားချက် ၁၅ ဂိုးအထိ ရရှိထားပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းကတော့ ၄ ပွဲကစားအပြီး ၁ ပွဲ ရှုံးနိမ့်ခဲ့တာကြောင့် အဆင့် ၃ နေရာမှာ ရောက်ရှိနေပါတယ်။











