
ဘာစီလိုနာ တောင်ပံကစားသမား လာမိန်းယာမဲလ်ဟာ ဗလင်စီယာနဲ့ ပွဲမတိုင်ခင် စနေနေ့ လေ့ကျင့်ရေးမှာ အသင်းနဲ့အတူ မလေ့ကျင့်ဘဲ သီးခြားလေ့ကျင့်ခဲ့ပါတယ်။
ဒါပေမဲ့ နည်းပြ ဟန်စီဖလစ်ခ်ကတော့ လေ့ကျင့်ရေးပြီးတဲ့နောက် ယာမဲလ်ကိုယ်တိုင် အဆင်ပြေကြောင်း ပြောထားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် တနင်္ဂနွေနေ့ည ဗလင်စီယာနဲ့ပွဲမှာ လာမီးယာမဲလ် ပါဝင်ကစားနိုင်မယ်လို့ ဖလစ်ခ် က မျှော်လင့်နေပါတယ်။
ဒါပေမဲ့ ယာမဲလ်ကို ပွဲအစကတည်းက ထည့်သုံးမလား၊ အနားပေးထားမလား ဆိုတာတော့ မဆုံးဖြတ်ရသေးပါဘူး။ နည်းပြကလည်း ယာမဲလ်နဲ့ စကားပြောပြီးမှ ဆုံးဖြတ်မယ်လို့ ပြောထားပါတယ်။
ကစားသမား ဂါဗီကတော့ ဩဂုတ် ၂၃ ရက်က ညာဘက်ဒူး ထိခိုက်ထားခဲ့ပေမဲ့ အခု ဗလင်စီယာနဲ့ပွဲမှာ ပြန်ကစားနိုင်မှာ ဖြစ်ပါတယ်။
ဘာစီလိုနာဟာ ရာသီအစ ၃ ပွဲလုံး အနိုင်ရထားပြီး ရမှတ် ၉ မှတ်နဲ့ လာလီဂါအမှတ်ပေးဇယား ထိပ်ဆုံးမှာ ရှိနေပါတယ်။











