DVB Logo
Home
နိုင်ငံတကာ
အမေရိကန်က ရေတပ်တည်ဆောက်မှုနှင့်အတူ အစိုးရအပြောင်းအလဲကို ကြိုးပမ်းနေဟု ဗင်နီဇွဲလားသမ္မတ ပြော
DVB
·
September 3, 2025
အမေရိကန်က ရေတပ်တည်ဆောက်မှုနှင့်အတူ အစိုးရအပြောင်းအလဲကို ကြိုးပမ်းနေဟု ဗင်နီဇွဲလားသမ္မတ ပြော
Donate to DVB

အမေရိကန်ပြည်ထောင်စုဟာ ကာရေဘီယံပင်လယ်ပြင်မှာ ရေတပ်ဖြန့်ချထားရင်း သူ့နိုင်ငံအတွင်း အစိုးရအပြောင်းအလဲကို ကြိုးပမ်းနေတယ်လို့ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုက စက်တင်ဘာ ၁ ရက်မှာ ကျင်းပတဲ့ ရှားရှားပါးပါး သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

လက်တင်အမေရိက မူးယစ်ဂိုဏ်းတွေရဲ့ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရည်ရွယ်တဲ့ အမေရိကန်တာဝန်ရှိသူတွေက ကာရေဘီယံတောင်ပိုင်းနဲ့ အနီးနားက ရေပြင်မှာ အမေရိကန် ရေတပ်အင်အား ကြီးကြီးမားမား တည်ဆောက်နေလို့ မကြာသေးမီ သီတင်းပတ်တွေအတွင်း အမေရိကန်နဲ့ ဗင်နီဇွဲလားကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မူးယစ်ဆေးဝါးဂိုဏ်းတွေကို နှိမ်နင်းဟာ သူ့အစိုးရရဲ့ ဗဟိုပန်းတိုင်ဖြစ်ပြီး၊ ရွှေ့ပြောင်းအခြေချမှုကို ကန့်သတ်ဖို့နဲ့ အမေရိကန်တောင်ပိုင်းနယ်စပ်ကို လုံခြုံစေဖို့ ပိုကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းနေပါတယ်။

ဒါပေမဲ့ အမေရိကန်ဟာ ဗင်နီဇွဲလားနိုင်ငံကို ခြိမ်းခြောက်နေပြီး ကြားဝင်စွက်ဖက်ရေး အကြောင်းပြဖို့ ရည်ရွယ်ထားတယ်လို့ မာဒူရို၊ ဗင်နီဇွဲလားပြည်ထဲရေးဝန်ကြီး အီအို့စ်ဒါဒို ကာဘယ်ယိုနဲ့ တခြားအရာရှိတွေက ပြောပါတယ်။

“စစ်ရေးခြိမ်းခြောက်မှုကနေတဆင့် စစ်အာဏာရှင်အပြောင်းအလဲကို ကြိုးပမ်းနေပါတယ်”လို့ မာဒူရိုက သတင်းထောက်တွေ၊ အရာရှိတွေနဲ့ ယူနီဖောင်းဝတ်ထားတဲ့ စစ်တပ်အရာရှိကြီးတွေကို ကာရာကတ်စ် မြို့တော်မှာ ပြောပါတယ်။

ဒါဟာ ကုလသမဂ္ဂဆိုင်ရာ ဗင်နီဇွဲလား အစိုးရကိုယ်စားလှယ်က ပြီးခဲ့တဲ့အပတ်က မှတ်ချက်ပေးပြောဆိုတဲ့ စကားကို သံယောင်လိုက် ပြောခဲ့တာပါ။

ဗင်နီဇွဲလားစစ်တပ်က အထူးပြင်ဆင်ထားတယ်လို့လည်း မာဒူရိုက ပြောပါတယ်။ ဗင်နီဇွဲလားနိုင်ငံနဲ့ ခေါင်းဆောင်တွေဟာ နိုင်ငံတကာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုရဲ့ အဓိကသော့ချက်ဖြစ်တယ်ဆိုတဲ့ အမေရိကန်ရဲ့ အခိုင်အမာပြောဆိုချက်ကို ဗင်နီဇွဲလားအစိုးရက လှောင်ပြောင်ခဲ့ပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ ရာဇ၀တ်ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် မာဒူရိုကို ဖမ်းဆီးနိုင်ရေး သတင်းပေးမှုအတွက် အမေရိကန်က ဩဂုတ်လ အစောပိုင်းမှာ ဆုငွေ ၂ ဆ တိုးမြှင့်ခဲ့ပါတယ်။

အမေရိကန် ကမ်းရိုးတန်းစောင့်တပ်နဲ့ ရေတပ်သင်္ဘောတွေဟာ ကာရေဘီယံတောင်ပိုင်းမှာ ပုံမှန်လည်ပတ်နေချိန်မှာ ခုလိုတပ်တွေစုပုံလာတာဟာ ဒေသတွင်းမှာ ပုံမှန် တပ်ဖြန့်တာထက် သိသိသာသာ ကြီးပါတယ်။

ဒါပေမဲ့ အမေရိကန် စစ်တပ်က မူးယစ်ဆေးဝါး ကုန်သွယ်မှုကို ဘယ်လို နှောင့်ယှက်မယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။

ပင်လယ်ကူး မူးယစ်ဆေးဝါးရောင်းဝယ်မှု အများစုဟာ အမေရိကန်တပ်တွေရှိတဲ့ အတ္တလန္တိတ် သမုဒ္ဒရာကနေ မဟုတ်ဘဲ ပစိဖိတ်သမုဒ္ဒရာက တဆင့် အမေရိကန်ဆီ ရောက်လာတာပါ။

ကာရေဘီယံ ပင်လယ်ကမှတဆင့် ရောက်ရှိလာတဲ့ အများစုကတော့ လျှို့ဝှက်လေကြောင်းကနေ ရောက်လာတာလို့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံးရဲ့ ၂၀၂၃ ကိုကင်းဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာအစီရင်ခံစာက ဆိုထားပါတယ်။

Source:Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013