DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာလုပ်သားချင်း စကားများရန်ဖြစ်  ၁ ဦး သေဆုံး 
DVB
·
September 2, 2025
ထိုင်းတွင် မြန်မာလုပ်သားချင်း စကားများရန်ဖြစ်  ၁ ဦး သေဆုံး 
Donate to DVB

ထိုင်းအရှေ့မြောက်ပိုင်း၊ ဘူရီရမ်ခရိုင်မှာ မြန်မာလုပ်သားအချင်းချင်း စကားများရန်ဖြစ်ပြီး  အမျိုးသမီး အလုပ်သမားတယောက် သေဆုံးသွားတယ်လို့  JOCHO ထိုင်းသတင်းမှာ ဖော်ပြပါ တယ်။

ဩဂုတ် ၃၁ ရက် ညနေ ၃ နာရီလောက်က ဘူရီရမ်မြို့  ခေါဝ်ကဒုန်းရပ်ကွက်ရှိ ဘူရီရမ်ပြည်သူ့ဆေးရုံကြီး အမှတ် ( ၂ ) ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ခိုက်ရန်ဖြစ်ပွါးပြီး ဒဏ်ရာရသူရှိကြောင်း သတင်းရလို့ သွားရောက်စစ်ဆေးခဲ့တယ်လို့  ဘူရီရမ် နယ်မြေရဲတပ်ဖွဲ့   တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ  အလုပ်သမားတယောက် သံချောင်းရှည်ကိုင်ဆောင်ပြီး  ရဲတွေကို ဖြောင့်ချက်ပေးဖို့ စောင့်ဆိုင်းနေတယ်၊ သူဟာ အသက် ၄၉ နှစ်ရွယ် မြန်မာအလုပ်သမား ကိုထွန်းရွှေဖြစ်ပြီး အလုပ်သမ  မခင်မာထွေးကို အရှည် ၆၀ စင်တီမီတာရှိ သံချောင်းနဲ့ ဦးခေါင်းကို ရိုက်နှက်ခဲ့တယ်လို့  ဝန်ခံပါတယ်။

အသက် ၂၅ နှစ်အရွယ် မခင်မာထွေးဟာ ဦးခေါင်းက ပြင်းထန်တဲ့ ဒဏ်ရာနဲ့  ဆေးရုံရောက်ပြီး မကြာခင်မှာ သေဆုံးသွားပါတယ်။

ကိုထွန်းရွှေက မခင်မာထွေးကို သေဆုံးသည်ထိရိုက်နှက်ဖို့ မရည်ရွယ်ခဲ့ကြောင်း၊  သူတို့နှစ်ယောက်ဟာ မတည့်ကြဘဲ မကြာခဏစကားများတယ်၊ စကားများတိုင်း မခင်မာထွေးက ဆဲရေးတိုင်းထွာတတ်ပြီး တံတွေးနဲ့ထွေးတတ်တဲ့ အကျင့်ရှိတယ်၊ ကြာတော့ သည်းမ ခံနိုင်တော့ဘဲ နောက်တခါမလုပ်ရဲအောင်  သံချောင်းနဲ့ ရိုက်မိတာလို့ ပြောပါတယ်။ 

နိုင်းနွဲ့ဆိုသူ ထိုင်းအလုပ်ရှင်ကလည်း အဲဒီဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်သမား ၄၇ ယောက်ရှိတယ်၊ ဒါပေမဲ့ ကိုထွန်းရွှေနဲ့ မခင်မာထွေးက မတည့်ကြဘူး၊ ခင်မာထွေး အဲဒီကို ရောက်လာတာ မကြာသေးဘူး၊ ၄ လပဲရှိသေးတယ်၊ သူက  မကြာခဏ တံတွေး ထွေး တတ်တဲ့အကျင့်ရှိတယ်လို့ ပြောပါတယ်။

ဘူရီရမ်ရဲစခန်းက ထွန်းရွှေကို တပါးသူအား သေကျေဒဏ်ရာရတဲ့အထိ ရိုက်နှက်မှုအပြင် တခြားပြစ်မှုနဲ့ပါ အမှုဖွင့်အရေးယူသွားမယ်လို့   ဆိုပါတယ်။ 

Source:  JoCho Thai News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013