DVB Logo
Home
မြန်မာသတင်း
မင်းကင်းတွင် တော်လှန်ရေးရဲဘော်များကို ပ ၃ လုံးက ဖမ်းဆီးသဖြင့် ဒေသခံများ ဆန္ဒပြ
DVB
·
August 31, 2025
မင်းကင်းတွင် တော်လှန်ရေးရဲဘော်များကို ပ ၃ လုံးက ဖမ်းဆီးသဖြင့် ဒေသခံများ ဆန္ဒပြ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်မှာ တော်လှန်ရေးရဲဘော် ၅ ယောက်နဲ့ ထောက်ပို့ပြည်သူ ၁ ယောက်ကို မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးက ဖမ်းဆီးခဲ့တာကြောင့် ဒေသခံတွေက ဩဂုတ် ၃၀ ရက်မှာ ဆန္ဒပြခဲ့ပါတယ်။

ကျောင်းသား တော်လှန်ရေးတပ်မ‌တော် SRF အဖွဲ့က ရဲဘော် ၂ ယောက်နဲ့ ထောက်ပို့ ၁ ယောက်၊ မင်းကင်း Local Union အဖွဲ့တာဝန်ရှိသူ ဗိုလ်တု အပါအဝင် ရဲဘော် ၃ ယောက်ကို ဩဂုတ် ၂၈ ရက်မှာ ဖမ်းဆီးခဲ့တာပါ။

ဆန္ဒပြပွဲကို ဦးဆောင်သူတယောက်က “ကျနော်တို့အနေနဲ တော်လှန်ရေးသမားအချင်းချင်း  ပူးပေါင်းညှိနှိုင်းလုပ်‌စေချင်တယ်။ ငါက NUG အဖွဲ့အစည်းက မဟုတ်လို့ အနိုင်ကျင့်တာမျိုး မဖြစ်စေချင်ဘူး။ စစ်အာဏာရှင်ကို အတူတူလက်တွဲတိုက်ရမဲ့အစား အချင်းချင်းအာဏာပြ  ဖမ်းဆီးတာကိုတော့ လက်ခံသွားမှာ မဟုတ်ဘူး” လို့ DVB ကို ပြောပါတယ်။

ဆန္ဒပြပွဲကို မနေ့ညနေပိုင်းမှာပြုလုပ်ခဲ့ပြီး ဒေသခံ ၂၀၀ လောက်ပါဝင်တယ်လို့ သိရပါတယ်။

ကျောင်းသားတော်လှန်ရေး တပ်မတော်က တပ်သားအဆင့်ရဲဘော် ၁ ယောက်၊ တပ်မှူးငယ် အဆင့် ရဲဘော် ၁ ယောက်၊ ထောက်ပို့ပြည်သူ ၁ ယောက်ကို မင်းကင်းမြို့နယ် တပ်ရင်း ၄ တပ်ရင်းမှူး ကိုကျော်မိုးလွင် ဦးဆောင်ပြီး မြို့နယ်ပကဖ ကိုညိုလွင်နဲ့ ရဲဘော်တွေ၊ မြို့နယ်ပလဖ ကိုနိုင်ဝင်း စတဲ့သူတွေက ဩဂုတ် ၂၈ ရက်နေ့ ည ၁၁ နာရီမှာ ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။

ကျောင်းသားတော်လှန်ရေးတပ်မတော် တာဝန်ရှိသူ ဆရာစံက “အရင်ဆုံး မင်းကင်း Local Union အဖွဲ့က ရဲဘော်တွေကို အရင်ဖမ်းပြီး ကျနော်တို့စခန်းကို ပစ်ခတ်ဝင်ရောက်ဖမ်းဆီးသွားတာဗျ။ ဒီလို ဖမ်းတာကို ဒေသခံအများစုက မကျေနပ်ကြလို့ မင်းကင်း ပ ၃ လုံးအဖွဲ့ကို ပြည်သူလူထုက ဆန္ဒပြကြတာပါဗျ။ ကျနော်တို့အနေနဲ့ကတော့ အာဏရှင်ကိုတော်လှန်တဲ့အဖွဲ့အချင်းချင်း လက်နက်နဲ့ ဖြေရှင်းတာကို မလိုလားဘူး။ နိုင်ငံရေးစားပွဲပိုင်းမှာပဲ ဆွေးနွေးစေချင်တယ်။ ဆွေးနွေးဖို့လည် မေတ္တာရပ်ခံအပ်ပါတယ်။ ဒီလိုမဖြေရှင်းကြဘူဆိုရင် မြေပြင်မှာ မလိုလားအပ်တဲ့ပစ်ခတ်မှုတွေ ဖြစ်လာဖို့ရာ ရှိလာနိုင်တယ်ဆိုတာကိုလည်း တာဝန်ရှိသူတွေအနေနဲ့လည်း သိစေချင်ပါတယ်” လို့ ပြောပါတယ်။

မင်းကင်း Local Union အဖွဲ့တာဝန်ရှိသူ ဗိုလ်တု အပါအဝင် ရဲဘော် ၃ ယောက်ကိုလည်း မင်းကင်းမြို့နယ် ပ ၃ လုံးအဖွဲ့က ဖမ်းဆီးခဲ့ပြီး ဩဂုတ် ၂၈ ရက်မွန်းလွဲပိုင်းမှာ မင်းကင်းမြို့နယ်က အခွန်ကောက်ခံရေးဂိတ်တခုကို ဝင်ရောက်တိုက်ခိုက်တာကြောင့် ဖမ်းဆီးတာလို့ နီးစပ်သူတွေဆီက သိရပါတယ်။

မင်းကင်းမြို့နယ်မှာ ချင်းတွင်းမြစ်အတွင်း သွားလာနေတဲ့ မော်တော်တွေကို အဖွဲ့အသီးသီးက ဂိတ်ကြေးကောက်ခံတာဟာ အလွန်များပြားတာကြောင့် မြို့နယ်ပအဖကို တိုင်တန်းအရေးယူပေးဖို့ ခရီးသွားပြည်သူတွေက တောင်းဆိုတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဆန္ဒပြတဲ့ကိစ္စနဲ့ပတ်သက်ပြီး မင်းကင်းမြို့နယ်ပအဖ တာဝန်ခံ ဦးဝင်းမင်းစိုးကို DVB အနေနဲ့ ဆက်သွယ်ရာမှာတော့ “လောလောဆယ် ကိစ္စတွေမပြီးလို့ ဖြေကြားမရသေးပါဘူး” လို့ပြောပါတယ်။

မင်းကင်းမြို့နယ်မှာ ချင်းတွင်းမြစ်အတွင်း ရွှေတူးဖော်ရေးလုပ်ဆောင်ရာမှာလည်း မြို့နယ် ပ ၃ လုံးအဖွဲ့က အဂတိလိုက်စားတယ်ဆိုပြီး ဒေသခံတွေကဆန္ဒပြခဲ့တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013