
ရလဒ်မကောင်းချိန်မှာ အသင်းကနေ ထွက်ခွာချင်စိတ်ဖြစ်မိကြောင်း မန်ယူနိုက်တက်နည်းပြ ရူဘင် အာမိုရင်က ဝန်ခံစကားဆိုသွားပါတယ်။
လိဂ်ရူံးထွက်ဖလားမှာ အင်္ဂလန်စတုတ္ထတန်းကလပ် ဂရင်စ်ဘီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်အသင်းအပေါ် ဝေဖန်မှုတွေ ပိုမိုကျယ်လောင်လာခဲ့တာပါ။
လိဂ်ဖလားရှုံးပွဲက လက်ခံနိုင်စရာမရှိတဲ့ ရှုံးပွဲမျိုးဖြစ်ပြီး တခါတရံ အသင်းကနေ ထွက်ခွာချင်စိတ်ဖြစ်မိသလို တခါတလေမှာလည်း အသင်းမှာ နှစ်ပေါင်း ၂၀ လောက် အထိဆက်နေ ချင်စိတ် ဖြစ်မိကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
ဆက်လက်ပြီး တခါတရံ ကစားသမားတွေကို မုန်းမိသလို တခါတရံမှာလည်း ကစားသမားတွေကို ချစ်ခင်ပြီး သူတို့အပေါ် ကာကွယ်ပေးသွားချင်ကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
ကွင်းလယ်လူ ကိုဘီမိန်နူးကို အသင်းမှာဆက်ရှိစေချင်ပြီး ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်စေချင်တယ်လို့ နည်းပြအာမိုရင်က ပြောသွားပါတယ်။
Photo: Reuters











