DVB Logo
Home
အားကစား
မန်ယူအသင်း ရလဒ်ကောင်းပြန်ရရန် လုပ်နိုင်မည်ဟု ယုံကြည်ကြောင်း နည်းပြအာမိုရင် ပြော
DVB
·
March 6, 2025
မန်ယူအသင်း ရလဒ်ကောင်းပြန်ရရန် လုပ်နိုင်မည်ဟု ယုံကြည်ကြောင်း နည်းပြအာမိုရင် ပြော
Donate to DVB

မန်ယူအသင်း ရလဒ်ကောင်းပြန်ရဖို့ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း နည်းပြ အာမိုရင်က ပြောသွားပါတယ်။

ဆိုစီဒက်နဲ့ ကစားရမယ့် ယူရိုပါလိဂ် ရှုံးထွက်အဆင့်ပွဲစဉ် မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ မန်ယူအသင်းရဲ့ အခြေအနေဆိုးတွေကို ပြောင်းလဲနိုင်ဖို့ ယုံကြည်မှုရှိသလားဆိုတဲ့ မေးခွန်းအပေါ် နည်းပြအာမိုရင်က ပြန်လည်ဖြေကြားခဲ့တာပါ။

အသင်းရဲ့ အခြေအနေတွေကို ပြောင်းလဲနိုင်မယ်ဆိုတာ ရှင်းလင်းတဲ့ ရည်မှန်းချက်ဖြစ်ပြီး ရလဒ်မကောင်းတာတွေရဲ့ နောက်ဆက်တွဲကိစ္စတွေကိုလည်း သိရှိကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။

အသင်းရဲ့ ရလဒ်ဆိုးတွေအပေါ် အနည်းငယ် စိတ်ပျက်မိတာမှန်ပေမဲ့ အသင်းကို ရလဒ်ကောင်းတွေ ပြန်ရဖို့ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်နေဆဲဖြစ်ကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။

ယူရိုပါလိဂ်ဆုဖလား ရယူနိုင်မယ်ဆိုရင်တောင် အသင်းရဲ့ပြဿနာတွေက ပြေလည်သွားမှာ မဟုတ်ဘဲ ရေရှည်ဖြေရှင်းရမယ့်ကိစ္စတွေ ဖြစ်တယ်လို့လည်း နည်းပြအာမိုရင်က ပြောသွားပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013