
အယ်လ်ဂျီးရီးယားသမ္မတ အဗ္ဗဒဲလ် မဒ်ဂျစ်ဒ် တက်ဘုံးန်ဟာ ၀န်ကြီးချုပ် နာဿီးရလ် လူးရ်ဘော်ရဲ့ ရာထူးသက်တမ်းကို သြဂုတ် ၂၈ ရက်မှာ အဆုံးသတ်ခဲ့ပြီး စက်မှုဝန်ကြီး ဆိဖီ ဂရီးအဘ်ကို အစိုးရရဲ့ ယာယီအကြီးအကဲအဖြစ် ခန့်အပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ပါတယ်။
သံအမတ်ဟောင်း လူးရ်ဘော်ကို သမ္မတ တက်ဘုံးန် က ၂၀၂၃ ခုနှစ်မှာ ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး လူးရ်ဘော်ကို ရာထူးက ထုတ်ပယ်လိုက်ခြင်းအတွက် နိုင်ငံပိုင်မီဒီယာက ဘာအကြောင်းပြချက်မှ မပြောသွားပါဘူး။
ဥရောပနိုင်ငံ အများအပြားအတွက် စွမ်းအင်ထောက်ပံ့တဲ့ မြောက်အာဖရိကနိုင်ငံ အယ်လ်ဂျီးရီးယားကို မကြာသေးခင်နှစ်တွေအတွင်းမှာ နိုင်ငံရေးတည်ငြိမ်တယ်လို့ ရှုမြင်ထားကြတာ ဖြစ်ပါတယ်။
Source: Reuters











