DVB Logo
Home
နိုင်ငံတကာ
အမေရိကန်၏ လက်နက်အင်အားပြ ခြိမ်းခြောက်သည့် သံတမန်ရေးကို ဗင်နီဇွဲလားရှုတ်ချ
DVB
·
August 28, 2025
အမေရိကန်၏ လက်နက်အင်အားပြ ခြိမ်းခြောက်သည့် သံတမန်ရေးကို ဗင်နီဇွဲလားရှုတ်ချ
Donate to DVB

ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုဟာ အမေရိကန်ရဲ့ Gunboat diplomacy လို့ ခေါ်တဲ့ လက်နက်အင်အားပြ ခြိမ်းခြောက်တဲ့ တိုက်ရေယာဉ် သံခင်းတမန်ခင်းကို ဩဂုတ် ၂၇ ရက်မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ကာရစ်ဘီယံ ပင်လယ်ပြင်ကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစင်း စေလွှတ်လိုက်ခြင်းအားဖြင့် တလက်တီလိုလ်ကို စာချုပ်ကို ချိုးဖောက်ခဲ့တာဖြစ်ကြောင်းလည်း ဝါရှင်တန်ကို စွပ်စွဲခဲ့ပါတယ်။ 

သြဂုတ် ၂၅ ရက်မှာ အမေရိကန်ဟာ လက်တင်အမေရိက မူးယစ်ဂိုဏ်းတွေရဲ့ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် ကာရေဘီယံတောင်ပိုင်းကို နောက်ထပ်သင်္ဘောတွေကို စေလွှတ်လိုက်ကြောင်း သတင်းရင်းမြစ် ၂ ခုက ပြောပါတယ်။

ပဲ့ထိန်းဒုံးကျည်ပါ စစ်သင်္ဘော USS Lake Erie နဲ့ နျူကလီးယားစွမ်းအင်သုံး အမြန်တိုက်ခိုက်ရေး ရေငုပ်သင်္ဘော USS Newport News တို့ဟာ လာမယ့် သီတင်းပတ်အစောပိုင်းမှာ အဲဒီဒေသကို ရောက်ရှိလာမှာဖြစ်ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်တွေက ပြောကြားခဲ့တာပါ။

ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်မာဒူရိုက“လက်တင်အမေရိကနဲ့ ကာရေဘီယံပိုင်နက်တလျှောက် နျူကလီးယားလက်နက်တွေ သွားလာမှု၊ အသုံးပြုမှုနဲ့ ထုတ်လုပ်ခြင်းကို တားမြစ်ထားတဲ့ တလက်တီ-လိုလ်ကို စာချုပ်ကို အမေရိကန်က ချိုးဖောက်ခဲ့တာပါ”လို့ မီရာဖလောရက်စ် ဗင်နီဇွဲလား အစိုးရနန်းတော် အပြင်ဘက်မှာ မီဒီယာတွေကို ပြောပါတယ်။ 

“ဗင်နီဇွဲလားရဲ့ သံခင်းတမန်ခင်းဟာ တိုက်ရေယာဉ် သံတမန်ရေး မဟုတ်သလို ခြိမ်းခြောက်မှုတွေလည်း မဟုတ်ဘူး။ ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က ကမ္ဘာကြီး မဟုတ်တော့ပါဘူး။ ကျနော်တို့ရဲ့ သံခင်းတမန်ခင်းဟာ ဂုဏ်သိက္ခာ သံခင်းတမန်ခင်း၊ ဘိုလီဗာရီယန် ငြိမ်းချမ်းရေး သံခင်းတမန်ခင်းဖြစ်ပါတယ်။  ဒါဟာ အဆင့်မြင့်မြင့်နဲ့ သန့်သန့်စင်စင်ရှိတဲ့ လေးစားစရာကောင်းတဲ့ သံခင်းတမန်ခင်းတခုပါ။”

ထရမ့်ပ် ဟာ မူးယစ်ဆေးဝါးဂိုဏ်းတွေကို နှိမ်နင်းဖို့က သူ့အစိုးရရဲ့ အဓိကပန်းတိုင်အဖြစ် သတ်မှတ်ခဲ့ပြီး ရွှေ့ပြောင်းနေထိုင်မှုတွေကို ကန့်သတ်ဖို့နဲ့ အမေရိကန်တောင်ပိုင်းနယ်စပ်ကို လုံခြုံစေဖို့ ပိုမိုကျယ်ပြန့်တဲ့ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

ထရမ့်ပ် အစိုးရဟာ မက္ကဆီကိုနိုင်ငံရှိ ဆီနာလိုအာကာတယ်လ်နဲ့ တခြားမူးယစ်ဆေးဂိုဏ်းတွေအပြင် ဗင်နီဇွဲလားရာဇ၀တ်ဂိုဏ်း ထရန်းဒီအာရဂွါကို ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်အဖွဲ့တွေအဖြစ် ဖေဖော်ဝါရီလမှာ သတ်မှတ်ခဲ့ပြီး ဂိုဏ်းအဖွဲ့ဝင်တွေအပေါ် လူဝင်မှုကြီးကြပ်ရေး ကြပ်မတ်မှုတွေ အရှိန်မြှင့်ခဲ့ပါတယ်။ 

Photo:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013