DVB Logo
Home
နိုင်ငံတကာ
စပိန်ရိုးရာ ခရမ်းချဉ်သီးပစ်ပေါက်ပွဲ လူ ၂၂,၀၀၀ ကျော် ပါဝင်ဆင်နွှဲ
DVB
·
August 28, 2025
စပိန်ရိုးရာ ခရမ်းချဉ်သီးပစ်ပေါက်ပွဲ လူ ၂၂,၀၀၀ ကျော် ပါဝင်ဆင်နွှဲ
Donate to DVB

စပိန်နိုင်ငံရဲ့ နှစ်ပတ်လည် ခရမ်းချဉ်သီး ပစ်ပေါက်ပွဲတော်ကို ဩဂုတ် ၂၇ ရက်နေ့မှာ ကျင်းပခဲ့ပြီး လူသောင်းနဲ့ချီ ပါဝင်ဆင်နွှဲခဲ့ပါတယ်။

ဘူနိုလ်ရှိ လမ်းရှည်မှာ ပြုလုပ်ခဲ့တဲ့ ဒီပွဲတော်ကို လူပေါင်း ၂၂,၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားတွေရော ဒေသခံတွေပါ ခရမ်းချဉ်သီးတွေနဲ့ ပစ်ပေါက်တာတွေ၊ ခရမ်းချဉ်သီး အနှစ်တွေထဲမှာ ကူးခတ်ရင်း တပျော်တပါး ဆင်နွှဲခဲ့တာ တွေ့ရပါတယ်။

စပိန်ရိုးရာ ခရမ်းချဉ်သီး ပစ်ပေါက်ပွဲတော်ဟာ ၁၉၄၅ ခုနှစ်ကတည်းက ကျေးရွာတွေမှာ ပစ်ပေါက်ကစားတဲ့ ရိုးရာပွဲတော်တခု ဖြစ်ပါတယ်။

ဒီပွဲတော်ဟာ ၁၉၅၀ ဗိုလ်ချုပ်ဖရန်ကိုရဲ့ အာဏာရှင်စနစ် လွှမ်းမိုးစဉ်အချိန်ကတော့ ကျင်းပခဲ့တာမျိုး မရှိခဲ့ဘဲ ၁၉၈၀ ခုနှစ်မှာ စပိန်နိုင်ငံတဝန်း ပြန်ပြီး ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။

လာတိုမာနီတာပွဲတော်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး အစားအစာတိုက်ပွဲလည်း ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်အထိ ဒီပွဲတော်မှာ လူဦးရေ ကန့်သတ်ထားတာမျိုး မရှိခဲ့ပေမဲ့ ၂၀၁၃ ခုနှစ်က စတင်ကာ ပွဲတော်ပါဝင်ဆင်နွှဲမယ့်သူတွေအတွက် လက်မှတ်နဲ့ ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲတော်မှာ ပါဝင်ဆင်နွှဲမယ့် လူဦးရေ အရေအတွက်ကို ၂၀,၀၀၀ ထက်မပိုဖို့ ကန့်သတ်မှုတွေ ပြလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၅ ခုနှစ်ကစပြီး ဒီပွဲတော်မှာ အသုံးပြုမယ့် ခရမ်းချဉ်သီး တန်ချိန် ၁၄၅,၀၀၀ ကီလို အသုံးပြုဖို့ သတ်မှတ်ခဲ့ကာ လိုက်နာရမယ့် စည်းကမ်းချက် ၉ ချက်လည်း ထုတ်ပြန်ထားပါတယ်။

ဒီနေ့ခေတ်မှာတော့ ခရမ်းချဉ်သီးပွဲတော်မှာ စပိန်နိုင်ငံသားတွေသာမက ကမ္ဘာလှည့်ခရီးသွားတွေပါ ပါဝင်ကစားတဲ့ပွဲတော် ဖြစ်နေပါပြီ။

ခရမ်းချဉ်သီးပစ်ပေါက်ပွဲတော် မတိုင်ခင် ကြီးမားတဲ့ ပါလက်စတိုင်းအလံကြီး ဖြန့်ကြက်ခဲ့ပြီး ဂါဇာစစ်ပွဲ အဆုံးသတ်ရေး တောင်းဆိုခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013