DVB Logo
Home
နိုင်ငံတကာ
နိုဘယ်လ်ဆု အဆိုပြုသည့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ကို ထရမ့်ပ် ကျေးဇူးတင်
DVB
·
August 28, 2025
နိုဘယ်လ်ဆု အဆိုပြုသည့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ကို ထရမ့်ပ် ကျေးဇူးတင်
Donate to DVB

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက်  ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်က သူ့ကို တရားဝင် အဆိုပြုပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရေးသားပေးပို့ခဲ့တဲ့စာကို ဟွန်မာနက်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဩဂုတ် ၂၈ ရက်က မျှဝေခဲ့ပါတယ်။

ကမ္ဘောဒီးယားခေါင်းဆောင်ရဲ့ ယဉ်ကျေးပျူငှာတဲ့ စာတွေအတွက် ကျေးဇူးတင်ကြောင်း၊ အခုလို အဆိုပြုတာ ဂုဏ်ယူမိကြောင်း ထရမ့်ပ်က ဩဂုတ် ၂၀ ရက် ရက်စွဲနဲ့ လက်မှတ်ရေးထိုး ပေးပို့ ခဲ့တာဖြစ်ပါတယ်။ 

တပတ်ကျော်အကြာမှ ဟွန်မာနက်က ဖေ့စ်ဘွတ်ခ်ပေါ်တင်ပြီးတော့ သူနဲ့ ထရမ့်ပ် ဆက်ဆံရေး ကောင်းကြောင်း ပြသခဲ့တာဖြစ်ပါတယ်။ 

ဟွန်မာနက်ဟာ လူသား အသက်အား တန်ဖိုးထားပြီး၊ ငြိမ်းချမ်းရေးကို အသိအမှတ်ပြုတဲ့ အားကောင်းတဲ့ ခေါင်းဆောင် တယောက်လို့ ပြောနိုင်တယ်လို့ ထရမ့်ပ်က ချီးကျူးထားပါတယ်။

ဆိုးရွားတဲ့ တိုက်ခိုက်မှုတွေကို အဆုံးသတ်ပြီးတော့ အသက်ထောင်ပေါင်းများစွာကို ကယ်တင်နိုင်တဲ့ အပစ်အခတ်ရပ်စဲရေးမှာ ပါဝင်ခွင့်ရလို့ ဂုဏ်ယူတယ်လို့လည်း ထရမ့်ပ်က ရေးထားပါတယ်။

ထရမ့်ပ်ဟာ ပထမသက်တမ်းတုန်းက ငြိမ်းချမ်းရေးနိုဘယ်လ်ဆု မရခဲ့တဲ့အပေါ် မကျေမနပ် ပြောခဲ့တာမျိုးရှိပြီး ဒုတိယသက်တမ်းမှာလည်း ငြိမ်းချမ်းရေးဖန်တီးသူအဖြစ် ကိုယ့်ကိုယ်ကိုယ် ပုံဖော်နေပါတယ်။

မကြာသေးခင်က ထိုင်း-ကမ္ဘောဒီးယား အပစ်အခတ် ရပ်စဲနိုင်တာကို သူ့ရဲ့ သံတမန်ရေး အောင်မြင်မှုကြီး တခုအဖြစ် သတ်မှတ်ထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013