DVB Logo
Home
နိုင်ငံတကာ
ရိုဟင်ဂျာဒုက္ခသည်များကို ခွဲဝေပေးရန် အရင်းအမြစ် မရှိတော့ဟု ဘင်္ဂလားဒေ့ရှ် ပြော
DVB
·
August 26, 2025
ရိုဟင်ဂျာဒုက္ခသည်များကို ခွဲဝေပေးရန် အရင်းအမြစ် မရှိတော့ဟု ဘင်္ဂလားဒေ့ရှ် ပြော
Donate to DVB

ဘင်္ဂလားဒေ့ရှ်အစိုးရမှာ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၃ သန်းအတွက် အရင်းအမြစ်တွေ ထပ်ခွဲဝေပေးဖို့ နယ်ပယ်မရှိတော့ဘူးလို့ အစိုးရအကြံပေးအရာရှိချုပ် မူဟမ်မဒ် ယူနွတ်စ်က သြဂုတ် ၂၅ ရက်မှာ ပြောပါတယ်။

အကျပ်အတည်းအတွက် ရေရှည်တည်တံ့တဲ့ အဖြေကို ရှာဖို့ နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ အခုနေနေတဲ့ ရိုဟင်ဂျာ ၁ ဒသမ ၃ သန်းရဲ့ ထက်ဝက်လောက်က ကလေးတွေဖြစ်ပြီး သူတို့အများစုဟာ မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်တုန်းက စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖြိုခွင်းမှုကနေ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသူတွေဖြစ်ကာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက လူမျိုးတုံး သုတ်သင်မှု နမူနာအဖြစ်သတ်မှတ် ခေါ်ဝေါ်ခဲ့ကြပါတယ်။

ဒုက္ခသည်တွေကို လက်ခံထားရတာဟာ စီးပွားရေးနဲ့ ပတ်ဝန်းကျင်ကနေ အုပ်ချုပ်မှုအထိ နယ်ပယ်တွေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် ကြီးမားတဲ့ အနှောင့်အယှက်ကို ဖြစ်စေတယ်လို့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ယူနွတ်စ်က ပြောပါတယ်။

“ကျနော်တို့မှာ ရှိပြီးသား စိန်ခေါ်မှုတွေကြားမှာ ကျနော်တို့ရဲ့ ပြည်တွင်းအရင်းအမြစ်တွေထဲကနေ နောက်ထပ်အရင်းအမြစ်တွေ ထပ်ဆွဲထုတ် နေရာချထားရမယ့် ဘယ်လိုအတိုင်းအတာကိုမှ ကျနော်တို့ ကြိုမမြင်နိုင်ဘူး” လို့ ယူနွတ်စ်က ညီလာခံတခုမှာ ပြောပါတယ်။

နေရပ်ပြန်နိုင်ရေး လက်တွေ့ကျတဲ့ လမ်းပြမြေပုံကို ရေးဆွဲဖို့ကိုလည်း နိုင်ငံတကာကို တောင်းဆိုခဲ့ပါတယ်။

“ရိုဟင်ဂျာပြဿနာနဲ့ သူ့ရဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖြေရှင်းချက်တွေဟာ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစဉ်ဆိုတဲ့ အပေါ်မှာ ဆက်ရှင်သန်နေရပါမယ်။ သူတို့ အိမ်မပြန်မချင်း ကျနော်တို့ရဲ့ ပံ့ပိုးကူညီမှုတွေကို သူတို့လိုအပ်တယ်” လို့ ယူနွတ်စ်က ပြောပါတယ်။

ရက်အနည်းငယ်အတွင်း ရိုဟင်ဂျာ ၇၀၀,၀၀၀ ကျော် ရောက်ရှိလာပြီး အရှေ့တောင်ဘက် ကမ်းရိုးတန်းမြို့ ကော့ဇ်ဘဇားတဝိုက်ကို ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် အခြေချနေထိုင်ရာ နေရာအဖြစ် ပြောင်းလဲပေးခဲ့တဲ့ ၈ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယူနွတ်စ်က ခုလို မှတ်ချက်တွေ ပေးခဲ့တာလည်း ဖြစ်ပါတယ်။

ဒုက္ခသည်စခန်းတွေထဲက လူထောင်သောင်းချီဟာ “ဒုက္ခသည်ဘဝ အလိုမရှိ၊” “လူမျိုးတုံး သတ်ဖြတ်မှုကို ရပ်တန့်ကြ၊ “နေရပ်ပြန်ရေးက အဆုံးစွန်သော အဖြေ” စတဲ့ ကြွေးကြော်သံတွေ ရေးထားတဲ့ ပိုစတာတွေနဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ရင်း တနင်္လာနေ့က စုဝေးခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်တွေဟာ ကြပ်ညပ်နေတဲ့ ဝါးတဲတွေထဲမှာ နေထိုင်ရင်း အကူအညီတွေ လျော့နည်းလာခြင်း၊ ကျောင်းတွေပိတ်ခြင်း၊ နေရပ်ပြန်ဖို့ မျှော်လင့်ချက်နည်းပါးခြင်း စတဲ့ အခြေအနေတွေကြားမှာ နေထိုင်ကြရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013