DVB Logo
Home
မြန်မာသတင်း
“စစ်တပ်ကို အကျိုးပြုမည့် လူနှင့် ပါတီရွေးချယ်ပွဲ” ကို ပြည်သူတရပ်လုံး ဆန့်ကျင်ကြရန် KNU ထုတ်ပြန်
DVB
·
August 26, 2025
“စစ်တပ်ကို အကျိုးပြုမည့် လူနှင့် ပါတီရွေးချယ်ပွဲ” ကို ပြည်သူတရပ်လုံး ဆန့်ကျင်ကြရန် KNU ထုတ်ပြန်
1 / 2
Donate to DVB

စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှာ စစ်ကော်မရှင်အဖြစ် ပြောင်းလဲဖွဲ့စည်းကာ တရားဝင်မှုရရှိဖို့ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေပြီး “စစ်တပ်ကို အကျိုးပြုမည့် လူနှင့် ပါတီရွေးချယ်ပွဲ” ကို ပြည်သူလူထု တရပ်လုံးက အကြမ်းမဖက်သောနည်းနဲ့ ဆန့်ကျင်ကြဖို့  ကရင်အမျိုးသားအစည်းအရုံး (KNU) က ဩဂုတ် ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်က ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲဟာ ဥပဒေကြောင်းအရ တရားဝင်မှုမရှိခြင်း၊ ပြည်သူအားလုံးပါဝင်နိုင်တဲ့ အခြေအနေမှာ မရှိဘဲ လိုသလို အဖြေထုတ်နိုင်တဲ့ လုပ်ငန်းစဉ်ကြောင့် ရွေးကောက်ပွဲကို KNU က လက်မခံနိုင်ဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်ရုံအတွက်သာဖြစ်ပြီး လက်ရှိနိုင်ငံရေး အကျပ်အတည်းအတွက် အဖြေမဟုတ်ဘဲ နိုင်ငံတွင်း ပဋိပက္ခကို ပိုပြင်းထန်လာစေမှာပြီး ဒေသတွင်း မတည်ငြိမ်မှုကိုပါ ဆက်လက်ဖြစ်လာစေမှာပါ။

ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းတာဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို မျက်ကွယ်ပြုတဲ့ အတုအယောင်ရွေးကောက်ပွဲသာဖြစ်ပြီး နိုင်ငံရေးပါတီတွေက အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်တာဟာ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီစနစ်သစ် တည်ဆောက်မှုအတွက် အဟန့်အတားဖြစ်စေမှာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို ကရင်အမျိုးသားလူထု၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်း၊ ကရင်နိုင်ငံ‌ရေးအင်အားစု အပါအဝင် နိုင်ငံရေးပါတီနဲ့ ပြည်သူတရပ်လုံးက မပါဝင်ဖို့ KNU က တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အကြောင်းနဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေကလည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013