DVB Logo
Home
နိုင်ငံတကာ
အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးသွားမည့် အာကာသယာဉ်မှူးများအတွက် အင်္ဂါဂြိုဟ်ပုံစံတူနေရာ နာဆာ ပြသ
DVB
·
August 25, 2025
အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးသွားမည့် အာကာသယာဉ်မှူးများအတွက် အင်္ဂါဂြိုဟ်ပုံစံတူနေရာ နာဆာ ပြသ
Donate to DVB

အမေရိကန် အမျိုးသားအာကာသသိပ္ပံ (နာဆာ)က တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့က 3D ရိုက်နှိပ်ထားတဲ့ နေရာမှာ နှစ်ချီကြာမယ့် ဒုတိယမြောက် အစီအစဉ်အတွက် ပြင်ဆင်နေပါတယ်။

အာကာသအေဂျင်စီဟာ သြဂုတ် ၂၂ ရက်မှာ ဂျွန်ဆင် အာကာသဌာနမှာ အာကာသယာဉ်မှူးအဖွဲ့ရဲ့ ကျန်းမာရေးနဲ့ စွမ်းပကားကို စူးစမ်းမယ့် အင်္ဂါဂြိုလ်နဲ့ဆင်တူ အစားထိုး အခင်းအကျင်းCHAPEA ကို လည်ပတ်ကြည့်ရှုဖို့ မီဒီယာတွေကို ခွင့်ပြုပေးခဲ့ပါတယ်။

အောက်တိုဘာလမှာ အာကာသယာဉ်မှူး ၄ ယောက် ပါတဲ့အဖွဲ့ကို ၁,၇၀၀ စတုရန်းပေကျယ်တဲ့ အိမ်ထဲမှာ တနှစ်ပတ်လုံး ချစ်ခင်ရသူတွေနဲ့ သီးခြားခွဲထားပြီး ပါဝင်ဆောင်ရွက်ကြမယ့် အနာဂတ် အင်္ဂါဂြိုဟ်ကို စူးစမ်းလေ့လာမယ့် အဖွဲ့သားတယောက်ရဲ့  လေ့ကျင့်ခန်းတွေ၊ အလုပ်တာဝန်တွေနဲ့ နေ့စဥ်ဘဝတွေအတွက် လေ့ကျင့်မှာ ဖြစ်ပါတယ်။

မျှော်မှန်းချက် ပန်းတိုင်ကို ၂၀၃၀ ပြည့်လွန်နှစ်တွေအဖြစ် နာဆာက သတ်မှတ်ထားပါတယ်။ နာဆာဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ တာဝန်ပြီးဆုံးခဲ့တဲ့ ပထမဆုံးအဖွဲ့သားတွေဆီက အဖိုးတန် အချက်အလက်တွေကို စုဆောင်းပြီး အင်္ဂါဂြိုဟ်ပေါ်မှာ အတူတကွ လုပ်ဆောင်နေတဲ့ လူတွေရဲ့ တက်ကြွမှုကို ပိုကောင်းကောင်း နားလည်နိုင်ဖို့ အခြေအနေတွေကို ပုံတူပွားဖို့ စီစဉ်နေတယ်လို့ CHAPEA ရဲ့ ပြုမူပုံဆိုင်ရာ ကျန်းမာရေးနဲ့ စွမ်းပကား သုတေသန ပူးတွဲစုံစမ်းစစ်ဆေးသူ ဆူဇန်း ဘဲလ်က ပြောပါတယ်။

“အဖွဲ့သားတွေဟာ သူတို့သွားရာ လမ်းကို ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ပြီး၊ ဒီအခြေအနေတွေကို ကြုံတွေ့ရတဲ့အခါ ပြဿနာကို ဖြေရှင်းရလိမ့်မယ်။”

ဘဲလ်က ကမ္ဘာနဲ့ အင်္ဂါဂြိုလ်အကြား ဆက်သွယ်ရာမှာ အကြမ်းဖျင်းအားဖြင့် ၄၅ မိနစ်လောက် နှောင့်နှေးတာကို မှတ်ချက်ပြုခဲ့ပြီး မစ်ရှင်ထိန်းချုပ်ရေးအတွက် ချက်ချင်းဆက်သွယ်ခြင်းက အကျိုးမရှိဘဲ အဖွဲ့သားတွေဟာ မိမိကိုယ်ကိုယ် အားကိုးဖို့သာ အလေးထားရမှာ ဖြစ်ပါတယ်။

လေ့ကျင့်တဲ့နေရာဟာ ကမ္ဘာနဲ့ နှိုင်းယှဉ်ရင် အင်္ဂါဂြိုဟ်ပေါ်က မြေဆွဲအားနဲ့ ၃၈ ရာခိုင်နှုန်းလောက် ကွာတာကို မတုပထားပေမဲ့ အဖွဲ့သားတွေအတွက် အကန့်အသတ်ရှိတဲ့ အစားအစာနဲ့ ရေပေးဝေမှုအပေါ် မှီခိုနေရတဲ့အပြင် ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့ ပုံသွင်းတာကို ထိန်းသိမ်းထားဖို့ တွန်းအားပေးမှာလည်း ဖြစ်ပါတယ်။

နာဆာရဲ့ လူသားစွမ်းဆောင်ရည်ဆိုင်ရာ သိပ္ပံပညာရှင် ဒါနာဂါ့ဒ်နာက အာကာသဟာ အဖွဲ့သားတွေအတွက် အချိန်နဲ့အမျှ ပြင်းထန်ပြီး ထိခိုက်နစ်နာစေတဲ့ သက်ရောက်မှုတွေ ရှိနေလို့ အေရိုးဗစ်နဲ့ နှလုံးသွေးကြောဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဖို့လိုအပ်တယ်လို့ ပြောပါတယ်။

သူတို့မှာ အဲဒီဆွဲငင်အားမရှိရင် ကြွက်သားအရိုးစုစနစ်တွေ အများကြီးကို ထိခိုက်စေတယ်လို့ ဂါ့ဒ်နာက ပြောပါတယ်။

ဒါကြောင့် အရိုးနဲ့ ကြွက်သားတွေကို တတ်နိုင်သမျှ ကျန်းမာစေချင်တယ်လို့ သူက ဆက်ပြောပါတယ်။

စက်တင်ဘာလမှာ အာကာသယာဉ်မှူးတွေရဲ့ နောက်ခံ အရည်အသွေးတွေပါတဲ့ CHAPEA အဖွဲ့ဝင် အသစ်တွေကို NASA ကကြေညာဖို့  အစီအစဉ်ရှိပါတယ်။

Source:Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013