
အဲဗာတန်အသင်းဟာ ဆောက်သမ်တန်က အင်္ဂလန်ကြယ်ပွင့်ကစားသမား တိုင်လာဒပ်ဘလင်ကို ပေါင် ၄၂ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပါတယ်။
အသက် ၁၉ နှစ်ပဲရှိသေးတဲ့ အင်္ဂလန် ယူ-၂၁ တိုက်စစ်ကစားသမားဟာ မနှစ်က ဆောက်သမ်တန်နဲ့ တန်းဆင်းခဲ့ရပေမဲ့ စုစုပေါင်း ၃၈ ပွဲမှာ ၄ ဂိုးသွင်း ၂ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့ပြီး အလားအလာရှိတဲ့ လူငယ်ကြယ်ပွင့်အဖြစ် သတ်မှတ်ခံထားရသူပါ။
ကနဦးမှာ ဒပ်ဘလင်အတွက် ဆောက်သမ်တန်အသင်းဘက်က ပေါင်သန်း ၁၀၀ အထိ ဈေးနှုန်းသတ်မှတ်ခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှာ ပြန်ကစားချင်တဲ့ ကစားသမားရဲ့ဆန္ဒကို လိုက်လျောခဲ့တာပါ။
ဒပ်ဘလင်အနေနဲ့ အဲဗာတန်ကနေ အသင်းပြောင်းရွှေ့မယ်ဆိုရင် ဆောက်သမ်တန်ဘက်က ပြောင်းရွှေ့ကြေးရဲ့ ၂၀ ရာခိုင်နှုန်းအထိရရှိမယ် သဘောတူညီမှုလည်း ပါဝင်ပါတယ်။











