DVB Logo
Home
မြန်မာသတင်း
ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာများ နေ့စဉ်လို ဖမ်းဆီးခံနေရ 
DVB
·
August 22, 2025
ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာများ နေ့စဉ်လို ဖမ်းဆီးခံနေရ 
Donate to DVB

မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှု၊ အလုပ်အကိုင်ရှားပါးမှု နဲ့ လုံခြုံရေးပြဿနာတွကြောင့် ပြည်သူပြည်သား အမြောက်အမြား ပြည်ပ နဲ့ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ခွာရှာဖွေလုပ်ကိုင်နေတာ မှာ တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရတာတွေလည်း နေ့စဉ်လို ရှိနေပါတယ်။ 

ဩဂုတ် ၂၂ ရက် ဒီနေ့ မနက်စောစောက ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ်ထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၂ ယောက် ဖမ်းဆီးရမိကြောင်း ကန်ကျနပူရီ ဒေသတွင်းသ တင်းမှာ ဖော်ပြပါတယ်။ 

နယ်မြေထဲမှာ တရားမဝင်သူတွေ ဝင်ရောက်ဖို့ရှိကြောင်း ကြိုတင်သတင်းရထားတာကြောင့် နယ်ခြားစောင့်ရဲ၊ နယ်မြေခံရဲ၊ အုပ်ချုပ်ရေး နဲ့ ရပ်ကျေးလုံခြုံရေးတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ၂ ဖွဲ့ခွဲပြီး မသင်္ကာဘွယ်နယ်မြေထဲမှာ နယ်လှည့်စစ်ဆေးခဲ့ကြတယ်။ အဖွဲ့ ၁ ဟာ မနက် ၂ နာရီလောက်မှာတော့ နောင်လူးအုပ်စု နယ်မြေ ၁ ရှိ ဆီအုန်းခြံတခုအတွင်း ပုန်းအောင်းနေသူ ၁၄ ယောက် (ကျား ၉ ယောက်၊ မ ၅ ယောက်) တို့ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ 

စစ်ဆေးမေးမြန်းရာမှာ အထောက်အထားမရှိ၊ ထိုင်းဘာသာစကားနားမလည်တဲ့ မြန်မာနိုင်ငံ သားတွေ ဖြစ်တယ်၊ သူတို့ဟာ ထိုင်းမှာ အလုပ်လာလုပ်ဖို့ ဘုရားသုံးဆူဘက်ကနေ ခြေလျင်ဝင်ရောက်လာတယ်၊ ပွဲစားကို တဦးလျှင် ဘတ်  ၁၅, ၀၀၀ ပေးရတယ်၊ ပွဲစားက ကားနဲ့လာအခေါ်ကို အဲဒီခြံထဲကနေ စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။ 

အဖွဲ့ ၂ ကတော့ နောင်လူးအုပ်စု ဘန်းဆောင်းကာလဲကျေးရွာ နမ့်ကရစ်စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းပြီး တောလမ်းကနေ လမ်းလျှောက်လာတဲ့ တရားမဝင်မြန်မာ ၈ ယောက် ဖမ်းဆီးရမိတယ်။ စစ်ဆေးချက်အရ သူတို့ဟာ မြန်မာပြည် ပဲခူးကဖြစ်ပြီး ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို တဦးလျှင် ဘတ် ၁၀, ၀၀၀ ပေးပြီး ဝင်လာတာလို့ ပြောပါတယ်။ 

ဒီမတိုင်ခင် ဩဂုတ် ၂၀  ကလည်း တာ့ခ်ခရိုင် ဝမ်းကျောက်မြို့နယ်  ကျိန်းထောင်းအုပ်စု ဖာဖိန့်စစ်ဆေးရေးဂိတ်မှာ တရားမဝင် မြန်မာ ၃၂ ယောက် (ကျား ၂၁၊ မ ၁၇) တို့  ဖမ်းဆီးခံရပါတယ်။ သူတို့တွေကို  ဟိုင်းလပ်စ်ကား ၂ စီးနဲ့ တင်ဆောင်လာတဲ့ ထိုင်းယာဉ်မောင်း ၂ ယောက်ပါ အဖမ်းခံရတယ်လို့ ဒေလီနယူးစ်သတင်းအရ သိရပါတယ်။ 

ဩဂုတ် ၁၉ ရက်ညကတော့ တာ့ခ်ခရိုင် ဖုပ်ဖရမြို့နယ် မော်ကေထိုင်းရွာ သောင်ရင်းမြစ်ဘေးက တောအုပ်ထဲမှာ ပုန်းအောင်းနေတဲ့ မြန်မာအမျိုးသား ၁၉ ယောက်၊ အမျိုးသမီး ၁၇ ယောက် ပေါင်း ၃၆ ယောက်တို့ ဖမ်းဆီးခံရတယ်၊ သူတို့ဟာ ထိုင်းမှာအလုပ်လာလုပ်ဖို့  ပွဲစားကို တဦးလျှင် ဘတ် ၃၀,၀၀၀ မှ ၃၅,၀၀၀ ထိ ပေးရမယ်လို့  ပြောကြောင်း  ထိုင်းစစ်တပ်သတင်းမှာ ဖော်ပြပါတယ်။ 

မြန်မာနိုင်ငံသားတွေဟာ ထိုင်းကိုဝင်ဖို့ ကြိုးစားစဉ် ခုလိုအဖမ်းခံရသလို ထိုင်းလုပ်ငန်းခွင်ထဲ ရောက်ပြန်တော့လည်း အထောက်အထားမပြည့်စုံတာကြောင့် အဖမ်းခံရတာလည်း ရှိပြန်ပါတယ်။ 

ထိုင်းအရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင် ဘန့်ဘင်မြို့နယ် နောင်ဖိုင်ကယောက်ရပ်ကွက် စက်မှုဇုန်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုကို တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဩဂုတ် ၂၀ က သွား‌‌ရောက် စစ်ဆေးတာမှာ အလုပ်သမားဥပဒေနဲ့ မညီညွတ်တဲ့ ရွှေ့ပြောင်းလုပ်သား ၂၀ ဖမ်းဆီးအရေး ယူခံရတယ်၊ အဲဒီထဲမှာ မြန်မာနိုင်ငံသား ၁၂ ယောက်နဲ့ တရုတ်နိုင်ငံသား ၈ ယောက်တို့ ပါဝင်ကြောင်း  Fm91bkk ရေဒီယိုသတင်းမှာ ဖော်ပြသွားပါတယ်။ 

Source # Kanchanaburi News / Daily News / Thai Army News / FM 91 BKK News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013